သေဆုံးမူတွေ
မမြင်အပ်သော မြင်ကွင်းတွေ
ပြီးတော့ ကျွမ်းလောင်သွားတဲ့ မောင်ဝိဉာဉ်" အားးးးးး"
" အကိုလေး အကိုလေး ရရဲ့လား"
" မြင်ပြီလား ကောင်လေး"
" ဗျာ"
" သူ့ရဲ့ပေးဆပ်ခြင်းတွေကို မြင်ရဲ့လား"
" မောင့်ပေးဆပ်ခြင်းတွေက ဒီဘဝအထိလား"
" အမှန်ပဲ"
" ဘယ်လိုလုပ်ရမလဲ"
" အဖြေတွေပါပြီးသားလေ"
" ဒီဘဝမှာ ပေါင်းဖက်ဖို့ ကျနော်ဘာလုပ်ရမလဲ"
" မင်းဝဋ်ကြွေးတွေဆပ်ရဦးမယ်"
" အခုရူးမတတ်နာကျင်နေရတာတွေက
ဆပ်နေတာနဟုတ်ဘူးလား"
" ကံကြမ္မာအလိုရပဲပေါ့"
" ကျနော် အသက်တရက်ပဲ ရှင်ရမယ်ဆိုပြီး
ဝဋ်ကြွေးတွေဆပ်ပြရရင်တောင်
အဲ့တရက်ကို မောင်နဲ့အတူ ရှိချင်တယ်"" ကောင်လေး
နတ်ဆရာမ၏ ခေါ်သံအပြင် ဂျယ်လေး၏ ခေါ်သံ
အကိုလေး အကိုလေး"တကိုယ်လုံးချွေးတွေရွှဲနစ်နေသည့်
အကိုလေးသည် သတိလစ်သွားခဲ့ပြီ" ဆရာမ အကိုလေး ဘာဖြစ်တာလဲ
ဆေးရုံကား ဆေးရုံကား ခေါ်ပေးပါ"" ဆေးရုံတက်လည်း သူသတိလစ်နေမှာပဲ
ရောဂါလည်းရှာလို့ရချင်မှ ရမှာ"" ခများ ဘာသဘောပြောတာလဲ အကိုလေးကို
ခများဘာလုပ်လိုက်တာလဲ"" သူက သာမန်လူတယောက်လေ
အတိတ်ကအဖြစ်တွေကို သူကြည့်ချင်တုန်းက
ပေးဆပ်မူတွေရှိတယ်လို့
ငါပြောတယ်လေ"" မဆိုင်တာ ပြန်နိုးပေး အကိုလေးကို ပြန်နိုးပေး"
" အပေးအယူတွေကို ငါရှင်းပြတယ်မဟုတ်လား"" ခများနဲ့ ကျနော်နောက်မှ စာရင်းရှင်းမယ်"
ဂျယ်လေးသည် အကိုလေးအား ကားပေါ်တင်ကာ
နီးရာဆေးရုံကို ပြေးရလေသည်။" ဒေး ဒေး လုပ်ပါဦး"
ဖုန်းကိုင်ကိုင်ချင်း ဂျယ်လေးငိုသံကြားရတာမို့
ဒေးလန့်သွားသည်" ဂျယ်လေး ဘာဖြစ်တာလဲ"
" ဒေး"
" အင်းငါရှိတယ်ပြော "
" အကိုလေးကို ခေါ်လို့မရတော့ဘူး"
"အကိုလေး ဘာဖြစ်တာလဲ"အရက်သောက်နေသည့် လက်သည် တုံ့ကနဲ
ဒေးလက်က ဖုန်းကိုလုကာ
အကိုဘယ်မှာရှိနေလဲဆိုတာ မေးလိုက်ပြီး
ကားကို အမြန်မောင်းကာ လိုက်လာရတော့သည်။
YOU ARE READING
To The Guest (ဧည့်သည်သို့.....)
Fanfic"ကျနော်က အကို့အတွက် ဘယ်လိုဖြစ်တည်မူလဲ" "ဧည့်သည်" ************* မီးတောက်တွေ ပြီးတော့ ပန်းချီတွေ ပြီးတော့ အနမ်းတွေ ကံကြမ္မာသည် တောင်းတမူတွေ ဆန္ဒတွေပြင်းပြလာသည့်အလျောက် တပတ်ပြန်လည်လာရတာပဲ။ မဟုတ်ဘူး ။ ပြင်းပြတဲ့ အနမ်းတွေကြောင့် အခါခါပြန်လည်နေတာကိုက ကျတ...