My Controller Bodyguard

2.8K 49 1
                                    

Unicode

သွားချင်ပါတယ်ဆို မင်းခ ရာ

မရဘူး အန္တရယ်များတယ်လို့ ကျွန်တော်ပြောနေတယ်လေ ကျွန်တော်လဲ လိုက်လို့ရတာမဟုတ်ဘူး

မများပါဘူး မင်းခရယ် ကိုယ်တစ်ယောက်တည်းမှမဟုတ်တာ

တစ်ကယ်ပါပဲ တောထဲမှာ variety show သွားရိုက်ဖို့ကို အရမ်းစိတ်ဝင်စားလွန်းလို့ လုပ်ချင်လွန်းလို့ ကိုယ်တိုင်တောင် ပါချင်ပါတယ်ဆိုပြီးသွားပြောထားရတာကို သူက မလွှတ်တော့ ဘယ်လိုလုပ်ရမလဲ ဒီသူထက်ငယ်တဲ့ Bodyguard လေးက သူ့ကို အရမ်းစိုးမိုးလွန်းတယ် သူ့ကိုလဲ မလွန်ဆန်ရဲဘူးခိုးလုပ်ရအောင်ရအောင်လဲ လူမသိသူမသိပြီးသွားမယ့်ကိစ္စမဟုတ် တန်းသိမှာ အဲ့ခါကျမှ တစ်ကယ် အရိုးတစ်ခြားအသားတစ်ခြားဖြစ်မှာ မထူးပါဘူး ရအောင်ပြောကြည့်ရမှာပဲ

နော်နော် မင်းကလဲ ကိုယ်တစ်ကယ် အဲ့ show မှာ ပါချင်လို့ပါ သူတို့ဘက်ကလဲ ကိုယ့်ကို ပါစေချင်လွန်းလို့ဆိုပြီး ကိုယ့်ဆီကိုတောင်တိုက်ရိုက်ဖုန်းဆက်ပြီး တောင်းဆိုထားတာဆိုတော့ ကိုယ်က ငြင်းလိုက်ရင် အားနာစရာကြီးလေ နော်

မတတ်နိုင်ဘူး မုသားမပါ လင်္ကာမချောပဲသွားရဖို့အရေးကြီးတယ်

အော်ဟုတ်လား သူတို့ဘက်က ကမ်းလှမ်းတာလား ခင်ဗျားက ပါချင်ပါတယ်ဆိုပြီး သွားရစ်ထားတာလား ကျုပ်ကို မလှိမ့်တစ်ပတ်လာမလုပ်နဲ့နော် ကောင်းကင်ပြာ

ကျစ် ဘယ်လိုသိသွားရပြန်တာလဲ ကွာ

ပြီးတော့ ဒီအပတ်ထဲမှာလဲ ခင်ဗျား ပွဲတက်ရက်တွေရော အသံသွင်းဖို့တွေရော ဒီလောက် scheduleတွေ ပြည့်နေတာ ခင်ဗျားက ဘယ်လိုအချိန်ပေးပြီး အဲ့တာကို သွားရိုက်မှာလဲ

မဟုတ်တာတွေ သိပ်မလုပ်နဲ့တော့ ကိုယ့်ကိုကိုယ် နာမည်ကြီး idol ဆိုတာလဲ သတိရအုန်း

ဒါပေမယ့်

ဘာမှ ဒါပေမယ့်နဲ့ မသွားရဘူးဆို မသွားရဘူးပဲ ဆက်မပြောနဲ့တော့ မဟုတ်ရင် ဒီကိစ္စက ပါးစပ်နဲ့ ပြီးမှာမဟုတ်ဘူး ခင်ဗျားသိပါတယ်

ဟူးးးတစ်ကယ်မလွယ်တဲ့လူ
လူကြည့်တော့ ဖြူဖြူအုအု လုပ်ချင်တော့ ကြမ်းကြမ်းတမ်းတမ်း ဒီလောက် ဒီဘက်မှာ scheduleတွေပြည့်နေတာကို ဘယ်အချိန်ကို ပေးပြီး သွားရိုက်မလဲမသိ ဒီဘက်ကလက်ခံထားတာတွေပျက်ကွက်ရင် ကိုယ်ပဲ ကတိမတည်တဲ့လူဖြစ်ပြိး ကိုယ့်နာမည်ပဲ ထိခိုက်မှာကို ဒီလူ မစဉ်းစားဘူး ကိုယ်ဖြစ်ချင်တာကို ပဲ ဇွတ်လုပ်တဲ့သူ လူကဖြင့် နာမည်ကြီး idol စိတ်က ကလေးစိတ် တစ်ကယ်မလွယ်ပါလားနော်

One Shot Collection Where stories live. Discover now