My Doctor

2.4K 49 4
                                    

Uni

ဆေးရုံတစ်ခု၏ ဆေးရုံအုပ်ရုံးခန်း တစ်ခုအတွင်း ကောင်လေးတစ်ယောက် ဒူးထောက် လက်မြှောက်လျက်သားရှိနေသည်။ဒူးထောက်နေရသည်မှာ တစ်နာရီခန့်ရှိပြီဖြစ်တာကြောင့် ခြေထောက်ကလဲ ထုံ၍ကျင်နေပြီ လက်‌ကလဲ ညောင်းနေပြီ ဖြစ်သော်လဲ တုပ်တုပ်မှမလှုပ်ရဲ။အကြောင်းမှာ သူ့ရှေ့ဆိုဖာပေါ်တွင် အလုပ်လုပ်နေသူကြောင့် ဖြစ်သည်။ ထိုသူမှာ အခြားသူမဟုတ် သူ၏ချစ်သူဖြစ်တဲ့ ဆေးရုံအုပ် ဦးဘုန်းမြတ်မဟာသာ ဖြစ်သည်။ချစ်သူဖြစ်သော်လဲ ဆယ်တန်းကနေ ဆေးကျောင်းတက်သည်အထိ သူ၏ဆရာဖြစ်ခဲ့သည်ကြောင့် ကြောက်ရသည်။ အပြစ်လုပ်ထားလျှင် မညှာတတ်သူမို့ အလင်္လာတို့ အပြစ်လုပ်ထားချိန်တွင် ပို၍ကြောက်ရသည်။ အခုလဲ အပြစ်လုပ်ထားသည့်အတွက်ကြောင့် ရုံးခန်းတွင် ဒူးထောက်နေရခြင်း။အကြောင်းမှာ မနေ့က ကိုကို metting ရှိ၍အလုပ်ရှုပ်‌ေနသည်ကို အခွင့်‌ကောင်းယူကာ အင်္လကာတို့ bar ရောက်သွားကာ ညဉ့်နက်မှ အိမ်ပြန်ရောက်သည်။ ရလဒ်အနေနဲ့ ဒီမနက် အိပ်ရာထနောက်ကျကာ ဆေးရုံကို နောက်ကျမှ ရောက်၍ ခေါ်‌ေမးရာမှ အလိမ်ပေါ် အလိမ်ဆင့်၍ အကုန်ပေါ်သွားခြင်းဖြစ်သည်။အခုတော့ သူကိုကို့ ကို ရင်ဆိုင်ရတော့မည်။

လက်ချတော့

ကို့ကိုရဲ့ အေးစက်စက်အသံကြောင့် အင်္လကာ အတွေးကမ္ဘာထဲမှ ရုန်းကန်ကာ အမြန် လက်ချရသည်။ မတ်ရပ်ရပ်ဖို့မပြောသေးသူကြောင့် ဒီတိုင်း ဒူးထောက်၍ မျက်လွှာ ချထားမိသည်။

ပျော်ခဲ့ရဲ့လား ကောင်လေး

ဟင့်အင်း ကိုကို တောင်းပန်ပါတယ်

မင်းကို ကိုယ်က သွားခွင့်မပေးထားလို့လား

မဟူတ်ပါဘူး ကိုကို သွားခွင့် ပေးထားပါတယ်

တုန်နေပြီဖြစ်တဲ့ အသံကို ထိန်း၍ဖြေလိုက်ရသည်။

ကိုယ် မင်းကို ဘာသတိပေးထားလဲ

ဘာပဲလုပ်လုပ် အလုပ်ကို မထိခိုက်စေဖို့ပါ

သွားပြီ ဒီတစ်ခါတစ်ကယ်သေပြီ ကိုကိုက လူငယ်မို့ ထိုက်တန်သလောက် လွတ်လပ်ခွင့်ပေးထားသော်လဲ အလုပ်ကို မလေးစားသည်ကို လုံးဝမကြိုက်

One Shot Collection Where stories live. Discover now