Dominant Ex

1.7K 53 1
                                    

လေဆိပ်တစ်ခုတွင် ရွှေဝါရောင်ဆံပင်တို့နှင့် all black ဝတ်ထားသော ကောင်လေးတစ်ယာက်က လေဆိပ်ထဲက လူတွေရဲ့ အမြင်ကို ဆွဲဆောင်လျက် ရှိလေသည်။ တော်ရုံလူနဲ့မလိုက်ဖက်တတ်သော ရွှေဝါရောင်ဆံပင်သည်ထိုကောင်လေးနဲ့မှ လိုက်ဖက်နေသယောင်။ထို‌ကောင်လေးကတော့ ဘယ်အရာ ကိုမျှ အာရုံရှိဟန်မပေါ်ပဲ လေဆိပ်အတွင်းရှိ ထိုင်ခုံတစ်ခုတွင်ထိုင်ကာ အတွေးနယ်ချဲ့လျက်ရှိလေသည်။သေချာကြည့်ပါက ထိုကောင်လေး၏ မျက်နှာတွင် စိုးရိမ်ကြောက်ရွံ့ဟန်များကို တွေ့ရလိမ့်မည်ဖြစ်သည်။ထိုကောင်လေး ဘာကို ကြောက်နေလဲဆိုတာက‌တော့ သူကိုယ်တိုင်သာ သိပါလိမ့်မည်။

လေပြေသွေး မိမိ၏ အမိမြေကို ပြန်ရောက်လာသည့်တိုင် မပျော်နိုင်ပေ။အကြောင်းရင်းက‌ေတာ့ သူပုန်းရှောင်နေသူရှိသည့် နေရာဖြစ်နေလို့ပင်။သူစိတ်ကို ပြင်ဆင်ပြီးသတ္တိ‌‌ေမွးခဲ့‌ေသာ်ငြား သူထိုသူ့အားရင်မဆိုင်ရဲသေး‌ေပ။အခုဆိုသူ မောင့်ဆီက ထွက်ပြေးလာတာ တစ်နှစ်တိုင်ရှိခဲ့ပြီ။လွန်ခဲ့တဲ့ သုံးနှစ်က မောင်နှင့်အပြင်းအထန်စကားများကာ သူ မောင်လစ်တုန်း ဒယ်ဒီ ရှိသည့် ဥရောပဘက်ဘက်သို့ ထွက်လာခဲ့ခြင်းပင်။အမှန်တော့ သွေးပူတုန်း ပြောချင်တာတွေကို ရှေ့နောက် မစဉ်းစားကာ ပြောခဲ့မိတာကြောင့် သွေးအေးသွားချိန်တွင်တော့ ကြောက်ချီးပန်းကာ ထွက်ပြေးလာခဲ့ခြင်းဖြစ်သည်။သူပြောချင်တာ ပြောခဲ့သည့် စကားများထဲတွင် လမ်းခွဲစကားကိုပါပြောခဲ့သောကြောင့်ဖြစ်သည်။ပုံမှန်ဆို မောင်နှင့်သူ စကားများပြီးကြတဲ့အခါ မောင်က ဆူရုံသာဆူသော်လည်း ဒီတစ်ခါကတော့သူက လမ်းခွဲစကားပါ ပြောခဲ့သောကြောင့် သူ့ကို မောင်က အပီအပြင် အပြစ်ပေးတော့မှာပင်။အခက်မသင့်လျှင် သူအခန်းထဲတွင် တစ်လလောက် အပိတ်ခံထားရကာ ထိုတစ်လလုံး မရိုးသောနည်းလမ်း၊အနာကျင်ဆုံးနည်းလမ်းများဖြင့် အပြစ်ပေးခံရနိုင်သည်။ထို့ကြောင့် အခါအခွင့်သင့်တာကြောင့် တစ်ကြောင်း၊ဥရောပဘက်ရှိ ဒယ်ဒီ လုပ်ငန်းကိစ္စက အရေးကြီးလို့ သူ့ကို အလောတကြီးခေါ်နေတာ တစ်ကြောင်း ထိုသို့သော အ‌ေကြာင်းများဖြင့် သူထွက်ပြေးခဲ့ခြင်းပင်။

One Shot Collection Where stories live. Discover now