Chapter 95

1.7K 199 0
                                    

Unicode

ကုမျန်က သူ့ရဲ့လူမသိသေးတဲ့အတိတ်ကိုကြားပြီးနောက်၊ အကြောင်းတစ်ခုခုကြောင့် သူ့ပုံရိပ်က ရုတ်တရက်ပြိုလဲသွားပြီး လက်ဆုပ်လက်ကိုင်ပြလို့ရတယ်လို့ သူမခံစားခဲ့ရတယ်။

သူက "I'm So Popular"ထဲက အမျိုးသားဇာတ်ဆောင်ဖြစ်ရုံသာမက သက်ရှိထင်ရှားရှိသူတစ်ဦးဖြစ်တယ်။

သူ့အသက် 22 နှစ် တိုတောင်းတဲ့ဘဝမှာ အတိတ်တွေ အများကြီးရှိခဲ့တာပဲ။

ကုမျန်က သူမရဲ့ အောက်နှုတ်ခမ်းကို ကိုက်ပြီး မဝံ့မရဲမေးလိုက်တယ်။"ဒါဆို... သူ့အကြံအစည် အောင်မြင်သွားလား?"

လော့ချယ်ရဲ့မျက်နှာက အလွန်အမင်းအံ့အားသင့်မှုကို ပြသနေတယ်။

အောင်မြင်တာလား...

လင်ချန်အန်းကြောင့် သူ ညစ်ညမ်းသွားပြီဆိုတဲ့ အသံနဲ့တူနေတယ်။

ထိုအတွေးနဲ့ လော့ချယ်က ကုမျန်ကို ပြုံးပြလိုက်ပြီး "မစိုးရိမ်နဲ့ ကိုယ့်ရဲ့ဖြူစင်မှုက အရင်အတိုင်း ရှိပါသေးတယ်"

ကုမျန်က နှုတ်ခမ်းကို တင်းတင်းစေ့လိုက်တယ်။

သူ့ရဲ့ဖြူစင်မှုကို သူမက ဘာလို့ဂရုစိုက်ရမှာလဲ။ သူမက ဇာတ်လိုက်မမှမဟုတ်တာ။သူမကို ဒီအကြောင်း သူ ဘာကြောင့်ပြောပြတာလဲ။

သူ ရေချိုးနေတုန်း ကင်မရာနဲ့ လင်ချန်အန်းဓာတ်ပုံရိုက်ခဲ့တာလားလို့ သူမ မေးလိုက်ရုံလေးလေ!

အဲဒါကမှ အဓိကအချက်ပဲ။

လော့ချယ်ရဲ့ဂရုမစိုက်နေတဲ့ အသွင်အပြင်ကို ကြည့်လိုက်ရင် လင်ချန်အန်းက ကျရှုံးခဲ့လိမ့်မယ်။

ဒါ့အပြင် လော့ချယ်က
အမျိုးသားဇာတ်ဆောင်ဖြစ်တယ်။ အမြောက်စာဇာတ်ကောင်လေးက သူ့ကို ဘယ်လိုအခွင့်ကောင်းယူလို့ရမှာလဲ။

ကုမျန်က အနည်းငယ် ဒေါသထွက်သွားပြီး "လော့ချယ် ကျွန်မ အခု အရမ်းကို အလေးအနက်ထားနေတာနော်"

လော့ချယ်က ရွှင်မြူးနေတဲ့လေသံနဲ့ နှုတ်ခမ်းကို ကွေးလိုက်ပြီး "ကိုယ်လည်း အရမ်းလေးနက်ပါတယ်ကွာ"

ကုမျန်က နောက်ဖြစ်မယ့်တိုးတက်မှုတွေကို အနည်းငယ်သိချင်စိတ်ဖြစ်နေတာကြောင့် သူမက လော့ချယ်ပုံမှန်မဟုတ်နေတာတွေကို ပစ်ပယ်လိုက်တော့တယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now