One(သူတို့၏ဇာတ်လမ်းကိုအစပျိုးခြင်း)

287 20 6
                                    

Uni✔

ကျောင်းဝင်းထဲကိုအရှိန်ပြင်းစွာမောင်းဝင်လာသည့် အနက်ရောင်ပြိုင်ကားနှင့်အပြာရင့်ရောင်ပြိုင်ကားလေးကြောင့် မကြာခင်မှာဘဲထိုနေရာတွင်မိန်းကလေးတွေစုသွားတော့သည်။

မကြာခင်မှာဘဲကားအသီးသီးထဲကနေထွက်လာသည့် ကောင်လေးနှစ်ယောက်။

"ဆူဘင်း"

"ဘာလည်း"

"မတွေ့မိဘူး"

"ငါလည်းအတူတူဘဲ"

မျက်ဝန်းနှစ်စုံဟာ ကျောင်းဝန်းထဲလှည့်ပတ်လို့ရှာနေခဲ့သည်။

"အာ ငါကတော့တွေ့ပြီ"

ပြောပြီးကျောင်းတံခါးဘက်ကိိုပြေးသွားသည့်သူကိုကြည့်ရင်း 'သစ္စာဖောက်'ဟုခပ်တိုးတိုးပြောကာ သူလည်းဘဲပြေးလိုက်သွားတော့သည်။

"သဲငယ်ကလည်းကွာ အဲ့လိုမျိုးကိုယ့်ကိုစိတ်ဆိုးမနေနဲ့လေ"

"မင်းက ရန်ဖြစ်တာကို"

"ကိုယ်တစ်ကယ်တောင်းပန်ပါတယ်နော် စိတ်မဆိုးပါနဲ့တော့"

"နောက်ဆိုရန်မဖြစ်ရဘူးနော် ထယ်ဟျွန်းနီး"

"အင်းအင်း ရန်မဖြစ်တော့ပါဘူး"

"ရန်ဖြစ်မယ်ဆိုရင်လည်း လုံးဝရှောင်လွှဲလို့မရတော့မှဖြစ်ရမယ်နော် သိပြီလား"

"ကိုယ်သိပါပြီ ဒါဆိုကိုယ့်ကိုစိတ်ဆိုးပြေပြီလား"

"ပြေပြီ"

ဘေးကအတွဲကိုကြည့်ရင်းအမြင်ကပ်လာသည်မို့နှာရှုံ့လိုက်ရင်း အရှေ့တွင်ရှိသည့်ကိုကို့လက်လေးကိုခပ်ဖွဖွလေးဆွဲကိုင်လိုက်သည်။

"ကိုကို"

"အင်း ဘင်းနီး"

"ကျွန်တော့်ကိုရော ကိုကိုစိတ်မဆိုးဘူးလား"

"ဟင့်အင်း"

"ဘာလို့လည်း"

"မင်းရန်ဖြစ်တာကငါ့ကြောင့်မဟုတ်လား"

"ကိုကို့ကြောင့်ဆိုပေမယ့် ကျွန်တော်ကိုကို့ကို ထိခိုက်အောင်လုပ်မိခဲ့တယ်လေ"

ညာဘက်ပါးပြင်လေးထက်ကပ်ထားသော အနာကပ်ပလာစတာလေးကိုကြည့်ရင်းပြောမိတော့ သူ့လက်ကိုခပ်ဖွဖွလေးဆွဲညှစ်လာသည်မို့မော့ကြည့်မိတော့ပြုံးပြလာသည့်ကိုကို့ကြောင့်ရင်ထဲပန်းတို့ပွင့်လာတော့သည်။

Heart In The Bad Boys Where stories live. Discover now