Five(ဆူဘင်းရဲ့ကိုကို)

94 12 1
                                    

Uni✔

"ကြိုဆိုပါတယ် ဆူဘင်းနဲ့ယောန်ဂျွန်း"

"Good Evening ထယ်ယောင်းHyung"

"Good Evening ပါယောန်ဂျွန်းလေး"

"ဟျောင်း ဒီနေ့ရဲ့special menuက"

"Pudding cake"

"Pudding Cake!?"

"ဟုတ်တယ် ယောန်ဂျွန်းလေး အပြင်ကိတ်သားကိုအပျော့သားလုပ်ထားပြီးအတွင်းကိုတော့
Puddingအပြည့်ထည့်ထားတယ် ပြီးတော့
Cakeကိုခွဲလိုက်ရင်အထဲကနေ Puddingလေးတွေထွက်လာလိမ့်မယ်"

"ဒါဆိုPudding Cakeတစ်ပွဲဟျောင်း"

ကိုကိုကသဘောကျသွားဟန်ဖြင့်မျက်လုံးလေးမှာအရောင်လက်လို့နေသည်။

"ကိုကိုသဘောကျနေတာလား"

"အင်း!"

"ကိုကိုသဘောကျရင်ကျွန်တော်တို့ဒီဆိုင်ကိုနှစ်ရက်ခြားတစ်ခါလာကြမလား"

"ကိုကို့ဘင်းနီးအလုပ်ရှုပ်နေပါဦးမယ် စာမေးပွဲပြီးမှ"

"ကိုကို့အတွက်ဆိုအလုပ်ရှုပ်လဲဖြစ်ပါတယ်"

"ကိုကိုကတော့မဖြစ်ပါဘူးနော် ကိုကို့ကြောင့်အလုပ်ပိုနေရင်မကောင်းဘူးလေ"

"ဟုတ်ပါပြီဗျာ ကိုကိုလာချင်တဲ့အချိန်ပြောနော်ကျွန်တော်ကပို့ပေးမယ်"

"အင်းအင်း"

ကိုကိုကတိတ်ဆိတ်သွားကာ သူ့အနောက်ကကောင်တာကိုကြည့်နေသည်မို့ သူလှည့်ကြည့်မိတော့ ထယ်ယောင်းHyungနှင့်သူ၏အမျိုးသားကိုတွေ့လိုက်ရသည်။

"ထယ်..ထယ်ယောင်းHyungက"

"ကျွန်တော်တို့လိုဘဲ ကိုကိုရဲ့"

"အော မထင်ထားဘူး"

"ဟုတ်တယ်မလား ကျွန်တော်ဆိုထယ်ယောင်းHyungကလက်ထပ်ထားတယ်ဆိုတုန်းက လုံးဝကိုအံ့သြသွားတာ ပိုပြီးအံ့သြဖို့ကောင်းတာက ထယ်ယောင်းHyungလက်ထပ်ထားတဲ့သူက နာမည်ကြီးစာရေးဆရာတစ်ယောက်တဲ့"

"စာရေးဆရာ!?"

"ဟုတ်တယ်ကိုကို"

"ဝါးး တကယ့်ကိုမှကဗျာဆန်တဲ့သူနှစ်ယောက်တွေ့တာဘဲ"

"စာရေးဆရာနဲ့ကော်ဖီဆိုင်ပိုင်ရှင်တို့ရဲ့ အချစ်ဇာတ်လမ်းလေးပေါ့ဗျာ"

Heart In The Bad Boys Where stories live. Discover now