Three(အတွဲတို့ဆိုင်ထိုင်ကြသောအခါ)

112 16 2
                                    

Uni✔

"ဟတ်ချိုး!"

"အဆင်ပြေရဲ့လား သားသား"

"ဟ..ဟုတ် ပြေ..ဟတ်ချိုး!"

"သားသားရယ် အဲ့ဒါကြောင့်မိုးရေတွေမဆော့ပါနဲ့လို့မေမေပြောတာကို"

"သားက ဆော့ချင်လို့မေမေ အဟွတ်"

"ကဲတော်တော့ ဆေးသောက်ပြီးအိပ်တော့ ကျောင်းမသွားနဲ့ဖုန်းကိုမေမေယူသွားပြီ"

"မေမေ့ မယူသွားနဲ့ သားသူငယ်ချင်းတွေကိုပြောရဦးမယ်"

"အေးပါ ရော့"

လက်ထဲရောက်လာသည့်ဖုန်းကိုကြည့်ရင်း မေမေထွက်သွားမှ contactတွင်မှတ်ထားသော
'Taehyunnie😸'ဆိုသည့် နာမည်လေးကိုနှိပ်လိုက်သည်။

ချက်ချင်းကိုင်သောဖုန်းကြောင့် ဘောမ်ဂယူမှာအံ့သြနေရသည်။

"သဲငယ် အဆင်ပြေရဲ့လား"

"ပြေပါတယ်"

"ကိုယ်သဲငယ်ကိုလွမ်းလိုက်တာ တွေ့ချင်တယ်"

"မိုးတွေရွာနေတယ် ထယ်ဟျွန်း တွေ့လို့မရဘူး"

"ကိုယ်မင်းအိမ်လာခဲ့မယ်"

"ဟင် ရလို့လား"

"ရတာပေါ့ ကိုယ်ကျောင်းလစ်ပြီးလာခဲ့မယ်"

"ဟာ ဆရာမဆူလိမ့်မယ်လေ"

"မဆူပါဘူး ကိုယ်လာခဲ့မယ်"

ပြောပြီးချသွားသောဖုန်းကိုကြည့်ရင်းခေါင်းခါလိုက်မိသည်။

ကုတင်ပေါ်လှဲရင်းသီချင်းဖွင့်ကာ ထယ်ဟျွန်းကိုမျှော်နေမိသည်။ထယ်ဟျွန်းသေချာပေါက်ရောက်လာပါလိမ့်မယ်။

တွေးရင်းနှင့် လူဟာမှေးခနဲအိပ်ပျော်သွားတော့သည်။

အချိန်တွေဘယ်လောက်ကြာသွားသည်မသိ သူဟာ အိပ်တစ်ဝက်နိုးတစ်ဝက်ဖြင့် နွေးထွေးသည့်နေရာတစ်ခုကိုအတင်းတိုးဝင်နေမိသည်။နွေးလိုက်တာ။

နေပါဦး အခုကဘယ်အချိန်ရှိပြီလည်း။ဘာလို့သူ့တစ်ကိုယ်လုံးကလည်းနွေးထွေးနေရတာလည်း။

အသိစိတ်ဝင်ကာမျက်ဝန်းတို့ကိုဖွင့်လိုက်သည်နှင့်သူဟာရင်ခွင်တစ်ခုထဲမှာ။

Heart In The Bad Boys Where stories live. Discover now