Four(ဆူဘင်းရဲ့အမှား)

98 15 4
                                    

Uni✔

"စာမေးပွဲနီးလာပြီနော် ဘင်းနီး"

"ဟုတ်တယ်ကိုကို"

"ညနေကျစာကြည့်တိုက်မှာစာသွားလုပ်မှာမို့ အဆင်သင့်ပြင်ထားဘင်းနီး"

"ကိုကို့ ညနေကျွန်တော်သွားစရာရှိလို့"

"ဘယ်သွားမှာလည်းဘင်းနီး"

"သူငယ်ချင်းတွေနဲ့အပြင်သွားချင်လို့ကိုကို"

"ဘင်းနီး!"

"ဟုတ် ကိုကို"

"တော်ပြီ သွားချင်ရင်သွားတော့"

ကိုကိုသူ့ကိုစိတ်ဆိုးသွားပြီဖြစ်သည်။
ကိုကိုက စာမေးပွဲနီးချိန်ဆိုရင်အပြင်သွားတာကိုမကြိုက်ပေ။

"ကိုကို စိတ်မဆိုးပါနဲ့ကျွန်တော်မသွားတော့ဘူးနော်"

"ငါစိတ်မဆိုးတာမို့ သွားချင်ရင်သွားလို့ရတယ်
မင်းကငါ့စကားကိုမှအလေးမထားတာ"

"ကိုကိုအဲ့လိုမဟုတ်ပါဘူး ကျွန်တော်မှားပါတယ်
တောင်းပန်ပါတယ်"

"ဘင်းနီးကို ကိုကိုဘာပြောထားလည်း"

"စာမေးပွဲနီးရင် အပြင်မသွားရဘူး"

"ဘင်းနီးကကိုကို့စကားနားမထောင်ဘူး"

"မဟုတ်တာကိုကိုရယ် ကျွန်တော်တစ်ကယ်မသွားတော့ဘူးနော် စိတ်မကောင်းမဖြစ်ပါနဲ့"

"အင်း"

ကိုကိုကစာဆက်လုပ်နေသည်မို့သူဘေးကနေငြိမ်ငြိမ်လေးနေနေလိုက်သည်။ကိုကိုစာလုပ်နေတာကိုမနှောင့်ယှက်ချင်ပါ။

တစ်ခုခုကိုအာရုံစိုက်နေရင်ဆူထွက်လာတဲ့နှစ်ခမ်းလေးကိုသူကြည့်နေမိသည်။

သူကိုကိုနဲ့တွဲလာတာကြာပြီ။ဒါပေမယ့်ကိုကို့ကိုပြင်သစ်အနမ်းနဲ့မနမ်းဖူးသေးဘူး။တစ်ခေါက်တောင်းဆိုဖူးသော်လည်း ကိုကိုကသူနမ်းရမှာရှက်ကြောင်းပြောကာငြင်းဖူးသည်။
ထို့ကြောင့်သူ့မှာ ယခုချိန်ထိအောင့်အီးနေရခြင်းပင်။

"ဘင်းနီး"

"ဟုတ် ကိုကို"

"စာမလုပ်ဘူးလား"

"အော ကျွန်တော်စာကျက်နေတယ်ကိုကို"

"သေချာကျက်နော်"

Heart In The Bad Boys Where stories live. Discover now