ယခုစာပါအကြောင်းအရာများ၊ဇာတ်ကောင်များ၏အကျင့်စရိုက်လက္ခာဏာများ၊သည်စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်ပါ၍ ပြင်ပလောကနှင့်လားလားမျှမှပင် မသက်ဆိုင်ချေ။ စာရေးသူသည်idol imageများကိုထိခိုက်လိုစိတ်မရှိကြောင်း သတိချက်စေလိုပါသည်။
•••
Unicode ver
"ဖိုးဖိုး"
ကလေးတစ်ယောက်သည် သူ့အဖိုးအခန်းမှဓာတ်ပုံတစ်ပုံကိုကိုင်ကာ သူ့အဖိုးရှိရာ ဧည့်ခန်းသို့ပြေးထွက်လာခဲ့သည်။
ထိုကလေးသည်ပြေးနေစဉ်တွင် ပါးစပ်မှ"ဖိုးဖိုး"ဟုတကြော်ကြော်အော်ကာ ထွက်လာသည်။ကလေးသည် သူ့သွားချင်သည့် ဧည့်ခန်းနေရာကိုရောက်သောအခါ ပြေးနေသည့်ခြေထောက်များကိုအရှိန်သတ်ကာ သူ့အဖိုးဆီသို့ ခြေလှမ်းဖွဖွလေးဖြင့် တစ်လှမ်းချင်းလျှောက်သွားလေသည်။
သူ့အဖိုးနားရောက်သည့်အခါ သူ့လက်မှာကိုင်ထားသည့် ခပ်နွမ်းနွမ်းဓာတ်ပုံကိုသူ့အဖိုးကိုပြပြီး
"ဖိုးဖိုး ဒီယဲကတိုတိုချောချောယေးကဘယ်တူယဲဟင်"
မပီကလာပီကာအသံလေးဖြင့်မေးလေသည်။
အဖိုးဖြစ်သူသည် ထိုဓာတ်ပုံကိုတွေ့သောအခါ မျက်လုံးထဲတွင်ဝမ်းနည်းသောအရိပ်အယောင်များဖြတ်ပြေးသွားလေသည်။
သို့သော် ထိုဝမ်းနည်းသောအရိပ်အယောင်များကခနတာသာဖြတ်ပြေးသွားပြီး သူ့မြေးလေးမေးသောမေးခွန်းကိုပြန်လည်ဖြေကြားပေးသည်။
"ဒီထဲကကိုကိုကဖိုးဖိုးရဲ့ချစ်ရတဲ့သူလေ"
ဟုခပ်တိုတိုစကားတစ်ခွန်းပြောကာ သူ့အခန်းသို့ ပြန်ရန် ခြေလှမ်းပြင်လိုက်သည်။
သူ့အခန်းနားရောက်ခါနီးမှတစ်ခုခုကိုသတိရဟန်ပေါ်ကာ သွားနေသော ခြေလှမ်းများကိုရပ်ပစ်လိုက်ပြီး
"ဒါနဲ့ မြေးကအဲ့ဓာတ်ပုံကိုဘယ်ကရတာလဲ မြေးလေး"
"ဒီဓာတ်ပုံဂို ဖိုးဖိုးယဲ့ခန်းထဲကစားပွဲခုံပေါ်ရတွေ့ယာပါ"
ဟု အနှီးကလေးကပြန်တော့ သူ့ခြေလှမ်းများကိုနောက်ပြန်လှည့်ပြီး ထိုကလေးရှိရာသို့ သွားပြီး ဒူးထောက်ထိုင်ချပြီး