ယခုစာပါအကြောင်းအရာများ၊ဇာတ်ကောင်များ၏အကျင့်စရိုက်လက္ခာဏာများ၊သည်စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်ပါ၍ ပြင်ပလောကနှင့်လားလားမျှမှပင် မသက်ဆိုင်ချေ။ စာရေးသူသည်idol imageများကိုထိခိုက်လိုစိတ်မရှိကြောင်း သတိချက်စေလိုပါသည်။
•••
"wen junhui ထွက်လာခဲ့စမ်း"
ထိုသို့ဒေါသတကြီးအသံကြောင့် မည်သူမှန်းပြေးကြည့်ရင်တောင် လွဲပါအုံးမည်။ ထိုသူသည်ကား ကျောင်း၏ fashion kingဖြစ်တလဲ၊wen junhui၏ကမ္ဘာရန်သူတော် Xu minghaoပင်။
Wen Junhuiနှင့်Xu minghaoသည် ဟိုးအရင်ထဲကမတည့်ပေ။ သူတို့နှစ်ယောက်သည် ပြဿနာအကြီးကြီးတွေမဖြစ်။ ဖြစ်လိုက်လျှင် အသေးအမွှားပင်။
ပြဿနာဟာအသေးအမွှားပေမဲ့လို့ ဖြစ်လိုက်တိုင်းလဲ ရဲစခန်းသို့ နှစ်ပါးသွားရမြဲ။ နှစ်ဖက်မိဘတွေဟာလဲ ရဲစခန်းတွင်ခနခနတွေ့နေရသဖြင့် ငယ်ပေါင်းကြီးတွေလို ရင်းနှီးနေကြပြီး ရဲတွေနဲ့ပါရင်းနှီးနေကြပြီဖြစ်လေသည်။
Wen junhuiသည် ဒီတစ်ခါဘာဖြစ်ပြန်ပြီလဲဟုသောအကြည့်ဖြင့်ကြည့်လိုက်လေတော့
"ဘာဖြစ်တာလဲကငါ့ကိုမေးရမှာမဟုတ်ပဲ မင်းလူ မင်းမေးရမှာ"
Xu Minghaoထိုသို့ပြောလိုက်သည်။ အဘယ်ကြောင့်ဆိုသော် တကယ်လဲသူ့ကိုမေးရမည်မဟုတ်။သူ့အချစ်ဆုံးသူငယ်ချင်းကြီးLee Seokminကိုမည်သို့ဇာတ်လမ်းတွေခင်းထားကြောင်းမေးရမည်လေ။
"ငါ့လူဆိုတာ ဘယ်သူလဲ နာမည်လေးတော့ပြောအုံး ငါ့လူတွေကများလွန်းလို့"
Wen junhui ခနဲ့တဲ့တဲ့ပြောပေးလိုက်သောကြောင့်Xu minghao၏ မျက်လုံးတွင် ဒေါသရိပ်တစ်ခုဖြတ်ပြေးသွားသည်။
"ကျစ် မင်းလင် Lee Seokminလေ အဲ့ကောင်ကိုခေါ်ပြီး ဘာခွေးဇာတ်တွေခင်းထားလဲလို့ မေးကြည့်လိုက်စမ်းပါ"
Wen junhuiတောင် သူ့ကိုခနဲ့မှတော့ သူလဲပြန်ခနဲ့တာမဆန်းဘူးလေ။
ဒါတွေကြောင့်ပဲ သူတို့ခနခနရန်ဖြစ်ရခြင်းပင်ဖြစ်သည်။ တစ်ဖက်ကခနဲ့သလို ရွဲ့သလိုပြောလာရင် တစ်ဖက်ကလဲပြန်ပြီး ခနဲ့သလို ရွဲ့သလိုပြန်ပြောခြင်းကြောင့် ရန်စတွေကြီးမားလာခြင်းပင်။