ယခုစာပါအကြောင်းအရာများ၊ဇာတ်ကောင်များ၏အကျင့်စရိုက်လက္ခာဏာများ၊သည်စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်ပါ၍ ပြင်ပလောကနှင့်လားလားမျှမှပင် မသက်ဆိုင်ချေ။ စာရေးသူသည်idol imageများကိုထိခိုက်လိုစိတ်မရှိကြောင်း သတိချက်စေလိုပါသည်။
•••
အင်း..... သူ့ရဲ့မင်္ဂလာဆောင်ဖိတ်စာလေး ကျွန်တော့်ဆီရောက်လာတယ်။ စာလေးတစ်စောင်လဲပါ,ပါသေးတယ်။ စာထဲတွင် *မင်္ဂလာပွဲကိုလာဖြစ်အောင်လာခဲ့ပါ။ မတွေ့တာကြာလို့ သိပ်ကိုတွေ့ချင်နေလို့ပါ"တဲ့။ချစ်ရတဲ့သူကခေါ်ထားသည်မို့သွားရမှာပေါ့။ ချစ်ရသူပျော်ရွင်နေတဲ့ပုံရိပ်ကိုငါဟာမျက်ရည်စက်လက်နဲ့ကြည့်နေပါ့မယ်။
ဒီနေ့ကသူ့လက်ထပ်ပွဲနေ့ မသွားချင်သော်ငြားလဲ ချစ်ရသူကိုနောက်ဆုံးတစ်ခေါက်လောက်တော့တွေ့ချင်တာမို့သွားရမည်။
တစ်ချိန်ကကိုယ်မြတ်နိုးစွာဖမ်းဆုပ်ထား
သောလက်အစုံတွင် ကိုယ့်လက်မဟုတ်သော တစ်ခြားအမျိုးသမီးတစ်ယောက်ကတွဲထားသည်။ခန်းမတစ်ခုလုံးကလက်ခုပ်သြဘာဂုဏ်ပြုသံတွေနဲ့ပြည့်နှက်နေပေမဲ့ လက်ခုပ်ဩဘာနဲ့ဂုဏ်မပြုနိုင်သူကား ကျွန်တော်။
ကျွန်တော်မည်သို့ဂုဏ်ပြုရမလဲ။ ကိုယ်ချစ်မြတ်နိုးတန်ဖိုးထားရတဲ့သူဟာအခြားအမျိုးသမီးတစ်ယောက်ကိုတစ်သက်စာအကြင်နာပေးပါ့မယ်လို့ ကတိသစ္စာပြုနေသည်ကို။
ထိုမြင်ကွင်းကိုကြည့်နေရင်း သူ့အမြင်အာရုံတွေဝေဝါးလာသည်။ ထိုနောက် ပါးပေါ်မှစိုစွတ်စွတ်အထိအတွေ့ကိုလဲ ခံစားလိုက်ရသည်။
ထိုမြင်ကွင်းကိုဆက်မကြည့်နိုင်တော့ပဲ ခန်းမထဲမှထထွက်လာခဲ့သည်။ ပြီးသည်နှင့် ခြေလှမ်းများက ခေါင်မိုးထပ်သို့။
ခေါင်မိုးထပ်သို့ရောက်သည်နှင့်ချစ်သောကိုစောင့်နေလိုက်သည်။လာမလား မလာလားမသိပေမဲ့ မိုက်ရူးဆန်စွာစောင့်နေမိသည်။
ခနအကြာတွင် တံခါးဖွင့်သံကြားလို့ လှည့်ကြည့်မိတော့ မျှော်နေခဲ့သောသူဖြစ်သည်။
"ဘာလို့အဲ့လိုထွက်သွားတာလဲ Hannie"
ရွဲ့ပြီးများသူ့ကိုမေးလိုက်လေသလား။