- အခန်း (၁) -

1.2K 71 8
                                    

Unicode

စစ်ကရက်ငွေ့တွေ ထူပိန်းနေတဲ့ အခန်းငယ်တစ်ခုထဲမှာ ဝီစကီတစ်ခွက်ကို ဘေးချရင်း နေရာအနှံပြေးလွှားနေတဲ့ အတွေးတွေနဲ့အတူ မိန်းမတစ်ယောက်ဟာ မျက်လုံးတွေကို မှိတ်ထား‌တယ်။ လက်ညှိုးနဲ့ လက်ခလယ်ကြားမှာ ညှပ်ထားတဲ့ စစ်ကရက်ဟာ တရိပ်ရိပ်လောင်ကျွမ်းနေတယ်။ သူ့ရဲ့ ဘဝလိုပေါ့။

ရိပ်ခနဲကြားလိုက်ရတဲ့ ခြေသံကြောင့် ထိုမိန်းမဟာ ကမန်းကတမ်း ‌စစ်ကရက်ကို ချေကာ မီးငြှိမ်းသတ်လိုက်တယ်။ ကျစ်တစ်ချက် စုပ်သတ်လိုက်ပြီး ရှုပ်ထွေးနေတဲ့ ဆံပင်တွေကို လက်ချောင်းတွေနဲ့ သပ်တင်လိုက်တယ်။

တံခါးခေါက်သံကိုအကြား တံခါးဖွင့်ဖို့ သွားတဲ့လမ်းမှာ ထောင်ထားတဲ့ မှန်တစ်ချပ်ဆီက ကိုယ့်ပုံကိုယ်မြင်မိတော့ ခြေလှမ်းတွေ တုန့်ခနဲ။ ချိုင့်ဝင်နေသော မျက်တွင်းနှင့်အတူ ညိုနေသော မျက်ဝန်းတွေ။ နှုတ်ခမ်းဟာ ဖျော့တော့ကာ အရောင်ဆင်းမဲ့နေသည်။

ဒီလိုဖြစ်နေတာဟာ ယောက်ျားတစ်ယောက်ဆီက ပစ်ပယ်ခံရလို့လား။ ဒါမှမဟုတ် ဖောက်ပြန်ခံရလို့လား။ အဲ့တာတွေမဟုတ်ဘဲ တခြားအရာကြောင့်များလား။ တံခါးနောက်ကွယ်က တစ်စုံတစ်ယောက်ကြောင့်ပဲလား။ ‌

" လာပြီ လာပြီ "

ထပ်မံထွက်ပေါ်လာတဲ့ တံခါးခေါက်သံကြောင့် အသံပြုရင်း တံခါးနားကို အမြန်သွားလိုက်တယ်။ တံခါးနောက်ကွယ်ကသူဟာ ကျွန်မမျှော်လင့်နေမိတဲ့ တစ်စုံတစ်ဦး ဖြစ်ပါစေလို့ ဆုတောင်းနေမိတယ်။ တစ်ပြိုင်နက်တည်းမှာပဲ မဟုတ်ပါစေနဲ့လို့လည်း ဆုတောင်းနေမိပြန်တယ်။

ခပ်မှန်မှန်ပွင့်သွားတဲ့ တံခါး‌ရဲ့နောက်ကွယ်မှာ
မျက်မှန်အဝိုင်းကလေးတပ်ထားတဲ့ ကလေးမလေးတစ်ယောက်ကို တွေ့လိုက်ရတယ်။ luggage ကို ဆွဲထားတဲ့ ကလေးမလေးဟာ ကျွန်မကို တွေ့တော့ အတောက်ပဆုံးပြုံးပြတယ်။ နောက်တော့ ကျွန်မပုံစံကို သေချာကြည့်ရင်း မျက်နှာအမူအရာဟာ ပြောင်းလဲသွားတယ်။

" အရက်တွေသောက်နေပြန်တာလား တီလေး။ ဆေးလိပ်အနံ့တွေရော "

အလိုမကျစွာပြောလာတဲ့ ကလေးမလေးရဲ့ အသံမှာ ကျွန်မရဲ့ မျက်ရည်တွေတာပြိုလာတယ်။ ခေါင်းတစ်လုံးစာလောက်ပုတဲ့ ကလေးမလေးကို ရင်ခွင်ထဲဆွဲဖက်လိုက်တော့ အလန့်တကြားပါလာတော့တာပဲ။

Cigarettes & Her ( Short Story )Where stories live. Discover now