2.ᴛʜᴇ ᴇx-ʙᴏʏғʀɪᴇɴᴅ

895 46 48
                                    

The Ex- Boyfriend

(Hoonki Commission)

Song - Remember Me (B.I)

Words -11411

သာယာသောတနင်္ဂနွေနေ့ဖြစ်သည်။ ဟောခန်းမကြီးကြမ်းပြင်မှ ကြွေပြားတို့သည် အပြင်ဘက်မှဝင်လာသော အလင်းတန်းတို့ဖြင့် အရောင်ဟပ်ကာတောက်ပလျက်။ ဆောင်ဟွန်းသည် ကားပါကင်ထိုးပြီးသည်နှင့် ကောင်းချီးမင်္ဂလာများဖြင့် ပြည့်နှက်နေသော ခန်းမထဲသို့ခြေချလိုက်သည်။

ဝင်ဝင်ချင်းပင် သူ့ဆီသို့အရာဝတ္ထုတစ်ခုခုက အရှိန်အဟုန်ပြင်းပြင်းဖြင့်လာတိုက်သွားသလိုခံစားချက်…..

ဆောင်ဟွန်းခြေလှမ်းတွေ တုံ့ကနဲရပ်တန့်သွားသည်။ ထို့နောက်သူ့ခြေထောက်တွေကိုသူငုံ့ကြည့်မိသည်။ နောက်ပြီး အောက်နှုတ်ခမ်းအားမသိမသာလေးကိုက်ပြီး လေကိုပြင်းပြင်းရှုသွင်း၊ရှုထုတ်လျက်။ ဘောင်းဘီအိတ်ကပ်ထဲထည့်ထားမိတဲ့လက်ကလည်း ကျစ်ကျစ်ပါအောင်ဆုပ်မိလျက်သား။

သူအခုထိ ဒီပတ်ဝန်းကျင်နဲ့ထိတွေ့ဖို့ကို နေသားမကျသေး။

"ဆောင်ဟွန်း လာလေ!
အဲ့မှာ ဘာရပ်လုပ်နေတာလဲ"

ဧည့်သည်တွေကိုကြိုဆိုဖို့ မိဘတွေနဲ့ယှဉ်ရပ်နေတဲ့ ဝတ်ကောင်းစားလှများဖြင့် ခန့်ညားချင်တိုင်းခန့်ညားနေသော ဂျုံဆောင်းက အနေခက်စွာရပ်နေသော ဆောင်ဟွန်းကိုတွေ့တော့ အားရဝမ်းသာဖြင့်ပြေးဖက်လေသည်။

"ငါက မင်းလာမှလာပါ့မလားလို့ကွာ"

ဂျုံဆောင်းကဆောင်ဟွန်းအား ပုခုံးမှ ခပ်တင်းတင်းဆွဲဖက်ကာ ပြောသည်။

"ငါမလာရင်လည်း မင်းကအိမ်တိုင်ရာအရောက် လာဆွဲခေါ်နေမှာပဲဟာ"

ဆောင်ဟွန်းစကားတွေကလည်း မှန်နေတာမို့ ဂျုံဆောင်းကဟက်ဟက်ပက်ပက်ရယ်လျက်။

"ဘယ်မှာလဲ မင်းကောင်လေး?"

"ပြင်ဆင်နေတုန်းပဲ ကြာလိုက်တာ"

ဂျုံဆောင်းမျက်နှာဟာ မှိုရသကဲ့သို့ဝင်းပနေသည်။ နောက်ပြီး စစ်ပွဲကိုအောင်နိုင်လာသောစစ်သူကြီးကဲ့သို့လည်း ဝင့်ကြွားလျက်။ ဟုတ်ပါသည်။ ဒါလည်းသူ့ဘဝရဲ့ ပန်းတိုင်တွေထဲကတစ်ခုကိုရောက်တာပဲ မဟုတ်လား။

ᴇʟʟɪᴀ's 1001 ɴɪɢʜᴛ sᴛᴏʀɪᴇs [ᴄᴏᴍᴍɪssɪᴏɴ ʙᴏᴏᴋ]Where stories live. Discover now