ATLANTIC
(Jengjek commission)
Words -12233
ရချင်တိုင်းရနေတဲ့ ချစ်ခြင်းမေတ္တာတွေကတော့ ဈေးပေါတာပါပဲ။ ပေးတဲ့သူဘက်ကကျတော့လည်း ချစ်လွန်းလို့ အရာရာဖြည့်ဆည်းပေးချင်တာဆိုတော့ သနားစရာတော့ကောင်းသား။ အချိုများသွားတဲ့ကော်ဖီတစ်ခွက်ဟာ သောက်လို့မရတော့သလိုမျိုး၊ ရေအများကြီးလောင်းခံရတဲ့သစ်ပင်လေးက မရှင်နိုင်တော့သလိုမျိုး သူတို့အဖြစ်ကလည်း…..
“အဲ့ကောင်လေးနဲ့ဝေးဝေးနေပါပြောထားရဲ့သားနဲ့ ပတ်ဂျုံဆောင်း! ဘာလဲ ငါ့စကားဆိုမင်းက တစက်ကလေးမှ စောက်ရေးမလုပ်တာလား? ဟုတ်လား? ”
“ တွေ့လိုက်ရတိုင်း နှစ်ကောင်သား ပွေ့ကာဖက်ကာနဲ့။ တစက်လေးမှအချိုးမပြေဘူး။ ဟုတ်တယ်မလား? မင်းငါ့နောက်ကွယ်မှာဖောက်ပြန်ရတာကို တော်တော်အရသာတွေ့နေတာမလား? ဟမ်! ”
“ မင်းသတိထားနေ။ နောက်တစ်ခါငါ့မျက်စိရှေ့ ကို့လို့ကန့်လန့်ဝင်လာလို့ကတော့ အချိန်အခါတွေ၊နေရာဒေသတွေကြည့်နေမှာမဟုတ်ဘူးနော် အရှက်တွေကုန်းကောက်စရာမရှိဖြစ်သွားမယ်နှစ်ကောင်လုံး။ ငါ့စကားနားမထောင်ရင် ဒီတစ်ခါငါတို့လုံးဝအပြတ်ပဲနော်! ”
အရှေ့ဘက်အခန်းဆီက ဆဲရေးသံမတိုးမကျယ်ဟာ နားတွေကျိန်းတဲ့အထိ၊ ဂျုံဆောင်း ဘာမှအချေအတင်မဖြစ်ချင်တာမို့ မီးပိတ်ထားတဲ့အိပ်ခန်းထဲဝယ် ကုတင်ပေါ်ထိုင်ရင်း စိတ်ပျက်လက်ပျက် မျက်နှာကိုလက်ဖြင့် ခပ်ကြမ်းကြမ်းပွတ်သပ်လိုက်သည်။
စင်စစ်သူဒီအတိုင်းငြိမ်နေတာမဟုတ်ရပါ။ အက်ကြောင်းထပ်နေတဲ့ ဖြေရှင်းချက်တွေပေးခဲ့တာ လွန်ခဲ့တဲ့ နာရီဝက်ကတည်းက။ ထပ်ပြောလည်းလေကုန်ပြီး တစ်ဘက်လူဒေါသကို မီးလောင်ရာလေပင့်သလိုဖြစ်မှာစိုးလို့ ကိုယ့်အခန်းထဲကိုယ်ဝင်ပြီး ငြိမ်နေလိုက်သော်ငြား ပြဿနာက မိနစ်အနည်းငယ်ကြာတဲ့အထိ မပြီးနိုင်ပေ။
သူ့အိပ်ခန်းတံခါးဆီ တစ်ချက်တစ်ချက်ရောက်လာသော ခြေကန်ချက်တွေကလည်း စိတ်ပျက်စရာအတိ၊ သို့သော်သူစိတ်မပျက်ရက်ပါ။ အကြင်သူသည် နှစ်ယောက်မရှိသော သူ၏ချစ်ရသူကိုး။
