EP 8

46 8 0
                                    

Uni

၁၃ရက်၊ ဧပြီ (သင်္ကြန်အကြိုနေ့)

🎵သင်္ကြန်ရေ လောကကြီးအေးချမ်းကြပါစေ
ပန်းများအတိုင်း လန်းဆန်းကြပါစေ
အားလုံးအတွက် နှစ်သစ်ဆုမွန် တောင်း...တောင်းမယ်

သင်္ကြန်ရေ အလွမ်းမီးများငြိမ်းအေးကြပါစေ
အိပ်မက်တို့ စိမ်းလန်းကြပါစေ
အားလုံးအတွက် နှစ်သစ်ဆုမွန်တောင်းမယ်🎵

လမ်းမဘေးတွင်တစ်လျှောက် အိမ်တိုင်းလိုလိုတွင် မဏ္ဍပ်အသေးလေးများတန်းစီကာ ဆောက်ထားကြသည်။ နေရာအနှံ့တွင်လည်း မတူညီသော သင်္ကြန်သီချင်းသံမျိုးစုံက ပြန့်လွင့်နေသည်။ သင်္ကြန်အကြိုနေ့သာရှိသေး၍ လူကြီးများမှာ ရေးကစားခြင်းမရှိသေးသော်လည်း ကလေးငယ်များကတော့ ရေသေနတ်တို့ကိုကိုင်ကာ အပျော်ကစားနေကြသည်။ ဥပုသ်စောင့်ရန် ဘုန်းကြီးကျောင်းသို့သွားနေကြသည့် အဖိုး၊ အဖွားများကိုလည်း လမ်းတွင် ယော်ဂိဝတ်စုံတို့ဖြင့် တွေ့ရသည်။ ထိုအဖိုး၊ အဖွားများကို ကလေးများရေမပတ်ရန် ဘေးနားတွင်ရှိသည့် လူကြီးများမှာ တားနေကြသည့် မြင်ကွင်းအချို့လည်းရှိပါသေးသည်။

တစ်နှစ်မှ တစ်ခါမျှသာ ရောက်ရှိသည့် မြန်မာ့နှစ်သစ်ကူးကိုရောက်လာခဲ့သည့်အတွက် ကလေးငယ်များရော လူကြီး၊ လူငယ် အားလုံး စိတ်လှုတ်‌ရှားနေကြမည်မှာအမှန်။ နှစ်ဟောင်း၏ အညစ်ဆိုး အညစ်အကြေးများကို အတာသင်္ကြန်ရေစက်ဖြင့် ကုန်အောင်ဆေးကြမည့် ဒီရာသီ။ အပျော်အပါးမက်ကြသော လူငယ်များအတွက် သင်္ကြန်ကာလသည် နတ်ဘုံဖြစ်ကြသည့်နယ် အမြန်ရောက်ချင်တတ်ကြသော နေ့ဖြစ်လိမ့်မည်။

သို့သော် သင်္ကြန်တွင်းကြီး ဖျားချင်နေသည့် မင်းမြတ်‌ဇေယျာကတော့ အိပ်ရာထက် ကွေးနေရသည်။ ညနေခင်း ပင်လယ်ဘက်သို့ဆင်းကာ တေဇနဲ့မင်းမြတ်အတူရေကူးခဲ့သည့်အပြင် ရေကိုဇိမ်ခံချိုးနေသောကြောင့် ၃၅မိနစ်ခန့်မျှ ကြာသွားခဲ့သေးသည်။ ထို့အပြင် အဲလ်ယားကွန်းခန်းထဲဆောင်မခြုံဘဲ အိပ်လိုက်ခဲ့မိသဖြင့် မနက်ရောက်တော့ နှာစေးကာ ကိုယ်ငွေ့အနည်းငယ်ပူလာခဲ့သည်။ ထို့ကြောင့် တေဇမင်းမာန်မှာ အကြိုနေ့တွင် ဘယ်မှမသွားနိုင်ဘဲ မင်းမြတ်ကိုသာ ဘေးတွင်ပြုစုပေးနေရသည်။ အထွေးအထူးပြုစုရသည်တော့မဟုတ်။ အစားအသောက်မှာပေးတယ်၊ ဆေးတိုက်တယ် ဒီလောက်မျှသာ။ သို့သော်နှစ်ယောက်ခရီးထွက်လာသည်ဖြစ်၍ သူတစ်ယောက်တည်းအပြင်သွားလျှင် မကောင်းချေ။

လှိုင်းမာန်သံ (လှိုငျးမာနျသံ) Ongoing Where stories live. Discover now