2. cappuccino crush

167 46 4
                                    

မက်သရူးအတွက် မနက်ခင်းမှာ ချေရတဲ့ ယတြာတစ်ခုရှိတယ် ။ အဲဒီ့ယတြာက တက္ကသိုလ်ရဲ့ ခက်လှပါချည်ရဲ့ဆိုတဲ့ mid-term တွေကို အောင်ဖို့လည်းမဟုတ် ၊ group project တွေမှာ အချောင်ခိုတတ်တဲ့ teammate တွေ မပါလာဖို့လည်း မဟုတ် ၊ assignment တိုင်းကို စိတ်ဖိစီးမှုမများဘဲ အချိန်မီ ထပ်နိုင်ဖို့လည်း မဟုတ်ပြန်ဘူး ။

ဒီမနက်ခင်း အစီအရင်လေးက တစ်ဦးတည်းသော Professor Kim သူ့ကို သတိထားမိလာရေးအတွက် အချိန်မှန်မှန် ဆောင်ရွက်ရတဲ့ ယတြာဖြစ်နေခဲ့တာပါပဲ ။

" ဟိုက ကော်ဖီတောင် မကြိုက်တာ ။ အစ်ကို့ကို ပြန်ကြိုက်ဖို့ဆိုရင်တော့ ပိုပြီး ဝေးသေးတယ်နဲ့တူတယ် "

" ဂယူ မင်းပါးစပ်ကြီး ပိတ်ထားစမ်းကွာ "

မက်သရူးက ဂယူ့ဖင်ကို ပိတ်ကန်ပစ်လိုက်ရင်း ဆုံးမပစ်မိတယ် ။ ဖြစ်နိုင်ချေအရတော့ ဂယူပြောတာ မှန်ကန်ဖို့ ၅၀/၅၀ ပါပဲ ။ ဒါပေမယ့် ဘာကိုမှ ရေရေရာရာ မသိရသေးဘဲ သူ့ရဲ့ မျှော်လင့်ချက်တွေကို ရေစုန်မျှောပစ်လိုက်ဖို့ကလည်း စောလွန်းတယ်မလား ။

" ပြီးတော့ Professor Kim က ကော်ဖီကြိုက်ပါတယ် ။ ဟိုနေ့က သူ့ကားထဲမှာ ကော်ဖီစေ့အနံ့ သင်းသင်းလေး ရတယ် "

" ဒါဆို ပိုဆိုးသွားပြီ အစ်ကို "

ဂယူ့စကားကြောင့် barista ကမ်းပေးတဲ့ ကော်ဖီ ၂ ခွက်ကို လှမ်းယူနေတဲ့ မက်သရူးလက်တွေကတောင် တုန်ချင်သွားတယ် ။ ဂယူက ပေါက်ကရ ပြောတတ်ပေမယ့် တစ်ခါတစ်လေမှာ ပေါက်ကရအပြောတွေထဲကပဲ ကျိုးကြောင်းဆက်စပ်မှုရှိတဲ့ အဖြေတွေထွက်လာတတ်တာမို့လေ ။

" Professor က ကော်ဖီကြိုက်ရဲ့သားနဲ့ အစ်ကိုတိုက်တဲ့ ကော်ဖီမို့ မကြိုက်တာဖြစ်သွားပြီပေါ့ "

ဂယူက ကောင်တာပေါ်မှာ မေးထောက်ရင်း သူ့ရဲ့ ပညာရှိ သုံးသပ်ချက်တွေကို အချစ်နွံနစ်နေတဲ့ မက်သရူးဆီ ဆက်ရှင်းပြတယ် ။

" ပိုဆိုးသွားပြီဗျာ ။ ကော်ဖီကြိုက်တဲ့သူက ဘယ်အချိန် ဘယ်နေရာမှာပဲဖြစ်ဖြစ် သောက်နိုင်တယ် ။ အခုက လာပေးတဲ့သူကို မကြိုက်လို့ သူသဘောကျတဲ့ ကော်ဖီကိုတောင် အဖတ်မလုပ်တာပေါ့ "

expresso, espresso | ppusamzWhere stories live. Discover now