ရွက်ဝါအိပ်ယာကနိုးလာတော့ ခါတိုင်းနေ့တွေလိုဘဲ မနက်၉နာရီရှိနေပီ။ကျောင်းပိတ်ထားလို့ လူကြီးဆီမှလာနေတဲ့ရက်ပိုင်းအတွင်း ရွက်ဝါနဲနဲပြည့်လာသလိုဖြစ်လာသည်။တပတ်တစ်ထည်ယူပီး ရေချိုးခန်းထဲသို့၀င်သွားကာ ရေပန်းဖွင့်ပီး ရေချိုးခြင်းအမှုကိုစတင်လိုက်သည်။ပီးနောက် တပတ်လေးပတ်ကာ အောက်ထပ်သို့ဆင်းလာတော့ ဧည့်ခန်းထဲမှာထိုင်ကာ သတင်းစာဖတ်နေတဲ့ လူကြီးက ရွက်ဝါကိုနှုတ်ဆက်လေသည်။
"မောနင်း ကြွေ""ဟင်! လူကြီးကအလုပ်မသွားဘူးလား"
"အလုပ်တွေအားလုံး မင်းညီနဲ့လွှဲထားတယ်လေ"
"လူကြီးက အပျင်းကြီးတဲ့ သူဌေးဘဲ"
"ဟားဟားးးးမင်းဘဲပြောတော့"
ရွက်ဝါမီးဖိုခန်းထဲ၀င်ပီး ရေခဲသေတ္တာထဲမှာရှိတဲ့ နို့ဗူးတစ်ဗူးယူကာ ဧည့်ခန်းသို့ပြန်ထွက်လာသည်။
"ကြွေတို့ကျောင်းတွေဖွင့်တော့မှာနော်... တခြားဘာလိုတာရှိသေးလဲ"
"မရှိပါဘူးဗျာ...လူကြီး၀ယ်ပေးတာတွေနဲ့တင် တော်တော်ပြည့်စုံနေပါပီ"
"အာ့ဆို kissပေး"
မဏိကပြောလိုက်တော့ နှုတ်ခမ်းလေးထော်ကာ သူ့ဆီရောက်လာတဲ့အလှလေးးးး
မဏိရဲ့နှုတ်ခမ်းလေးကိုဖိနမ်းပီးတော့ မဏိမျက်နှာလေးကိုပြုံးကာကြည့်နေလေသည်။"အပေါ်ထပ်ကဗီရိုထဲမှာ အ၀တ်အစားအသစ်တွေ၀ယ်ထားပေးတယ် သွားကြည့်လိုက်အုံး"
လူကြီးစကားကြားပီးတော့ ရွက်ဝါအိမ်ပေါ်ထပ်ကိုပြေးတက်သွားမိသည်။ဗီရိုထဲကအ၀တ်အစားအသစ်တွေကိုကြည့်ပီးနောက် အခန်းအပြင်သို့ပြန်ထွက်လာကာ လှေကားတ၀က်လောက်ကနေရပ်၍....
"ဟာ... လူကြီးကတော့လုပ်ပီ။ဒီလောက်အများကြီးပီးတော့ အ၀တ်အစားတွေက အကောင်းတွေချည်းဘဲ"
ကြွေရဲ့စကားကြားတာနဲ့ မဏိလက်ထဲကသတင်းစာကိုချ၍ ဆေးလိပ်ကိုပြာခွက်ထဲထိုးချေခဲ့ပီး ကြွေရှိရာလှေကားဆီသို့လျှောက်လာခဲ့သည်။
"ဘာဖြစ်လဲ ကျောင်းတက်ရင်၀တ်ပေါ့"
"ကျွန်တော် အဲ့အ၀တ်အကောင်းတွေ၀တ်ပီးကျောင်းတက်ရင် ကျောင်းကလူတွေကျွန်တော့်ကို မင်းသားနဲ့မှားကုန်တော့မှာဘဲ"
မဏိ ထိုအလှလေးရဲ့မျက်၀န်လေးတွေကိုသေချာကြည့်ကာ...
"အခုလည်းကြွေက မင်းသားလေးပါဘဲ ဇာမဏိရင်ဘတ်ထဲက မင်းသားလေးပေါ့"သူ့စကားအဆုံးကြွေက ရှက်ပြုံးကလေးဖြင့် သူ့ရင်ဘတ်လေးလာထုပီး
"ဟာ... ဒီလူကြီးတော့"
ကြွေထိုသို့ရှက်သွေးဖြာနေရင် ရူးလောက်အောင်လှလေသည်မို့ မဏိတောင် သတိလက်လွတ်ငေးရသည်အထိပင်~~~~ထိုတနေ့လုံး ကြွေနဲ့အတူဖြတ်သန်းဖြစ်ခဲ့သည်။ကြွေကြည့်ချင်တဲ့ရုပ်ရှင်တွေအတူကြည့်ပေးပီး စကားတွေလည်းအများကြီးပြောခဲ့သည်။ ရေချိုးခန်းထဲက bathtubထဲရေအတူစိမ်နေရင်းနဲ့ ကြွေကိုအသဲယားအောင်ကလိရတာကိုလည်း သူနှစ်သက်သည်။ ညစာလည်း အိမ်မှာဘဲအတူချက်စားဖြစ်ခဲ့သည်။ကြွေဟင်းချင်တာကို ဘေးကလိုက်ကူပေးရတာလည်း အတော်ပျော်ဖို့ကောင်းသလို၊ကြွေပန်းကန်ဆေးနေတဲ့ချိန်တွင်လည်း နောက်ကနေ ကြွေရဲ့ခါးလေးဖက်ထားကာ စကားတွေပြောရင်း စနောက်ရတာကိုလည်း သူသဘောကျသည်။ခုလည်း အိပ်ခါနီးဝီစကီလေးတခွက်သောက်ရင်း တီဗွီကြည့်နေသည်။ကြွေကတော့ သူ့ပေါင်ပေါ် ခေါင်းလေးမှီပီး စာအုပ်လေးဖတ်ရင်းပေါ့...ညနက်လာတော့ အိပ်ပျော်တဲ့တဲ့ အလှလေးကို မဏ်ပွေ့ချီကာ အပေါ်ထပ်အခန်းထဲသို့ သယ်သွားလိုက်ရသည်။
မဏိက မိသားစုရှိပေမဲ့ တစ်ယောက်ထဲအိမ်ခွဲနေတာကြာခဲ့လေပီ။တနေ့တနေ့ သူ့အလုပ်ကိစ္စ စီးပွားဖက်ပါတနာတွေနဲ့ သောက်စားရင်း အချိန်တွေကုန်တာများခဲ့သည်။အိမ်ထောင်ပြုချင်ပေမဲ့ ဘယ်မိန်းမကိုလက်ထပ်ရမလဲလည်းမသိပေ။စံနှုန်းသတ်မှတ်ထားတာမျိုးလည်းမဟုတ်ပေမဲ့ပေါ့...တခါတခါ ဒိတ်ဂဲလ်(Date Girl)ခေါ်တာမျိုးလေးတွေရှိပေမဲ့လို့ အနားမှာကြာကြာ ခေါ်ထားဖူးတာတစ်ယောက်မှမရှိခဲ့။ဒါပေမဲ့ ဒီကောင်လေးကိုတော့ သူ့အနားမှာခေါ်ထားချင်သည်။
°°°°°°°°°°°°°°°°°°°°
24.4.2024 Wednesday
3:56 PM
YOU ARE READING
Kywe(ကြွေ) Ongoing
Romance"တစ်ယောက်အကြောင်းတစ်ယောက်သိသွားကြပီဆိုရင် ရှေ့ဆက်လို့မရနိုင်ဘူး" အော်ဖာကောင်လေးအပေါ် ကြွေကျသွားမှာစိုးလို့ စကားလုံးတွေနဲ့ စည်းတားထားတဲ့ လုပ်ငန်းရှင်သူဌေးကြီး ဦးဇာမဏိ "ကျွန်တော်တို့ တစ်ယောက်အကြောင်းတစ်ယောက်မသိကြသေးဘူးမလား" ငွေကြေးအဆင်မပြေလို့ ခန္ဓာ...