တောင်ပေါ်မြို့လေးတမြို့က နှစ်ထပ်ပျဉ်အိမ်ရဲ့တံခါးကိုဖွင့်ပီး အိမ်ထဲသို့ခြေချလိုက်သည်။နဂိုရှိထားတဲ့ပစ္စည်းတွေမှာလည်း ဖုန်တွေထူနေသည်။
မလာတာနှစ်အတော်ကြာပီဖြစ်တဲ့ဒီအိမ်လေး...
အမှတ်တရတွေ အငွေ့အသက်တွေများစွာရှိတဲ့အိမ်လေးထဲကို လှည့်ပတ်ကြည့်ရှုရင်း တချိန်က သစ်လွင်လန်းဆန်းခဲ့တဲ့ ၂၀၀၀ခုနှစ်လောက်က နေ့ရက်တွေဆီသို့....ခရိုနီတွေစုဝေးရာ အရက်ဘားတခုတွင် မိန်းမငယ်လေးများနဲ့ အရက်သောက်ပျော်ပါးနေတဲ့ ခရိုနီသူဌေးတွေ... လုပ်ငန်းအကြောင်း လုပ်ကွက်အကြောင်း အခွင့်အလမ်းအကြောင်းတွေဆွေးနွေးနေကြသည်။"Zillion" bank ရဲ့ပိုင်ရှင်ဦးဇာမဏိကတော့ အနားကဘိလိယက်ခုံတွင် ဘိလိယက်ထိုးရင်း သူ့အနားမှာ အရက်ခွက်လေးကိုင်ပီးရပ်နေတဲ့ ကောင်မလေးဆီက အရက်ခွက်ကိုယူပီးကောင်မလေးရဲ့ခါးကိုဖက်ရင်း ဈေးကြီးတဲ့အရက်ရဲ့အရသာကို ဇိမ်လေးနဲ့သောက်လိုက်သည်။
"မဏိ"
မင်းညီကလှမ်းခေါ်တာမို့ ဖက်လက်စခါးလေးကနေ ဖယ်ခွာလိုက်တဲ့လက်ကို ဘောင်းဘီအိတ်ထောင်ထဲထည့်ပီး အရက်ခွက်လေးကိုင်ကာ စမတ်ကျကျလျှောက်လာခဲ့သည်။
အနားရောက်တော့ မင်းညီနဲ့လုပ်ငန်းကိစ္စအနည်းအကျဉ်းပြောပီးတာနဲ့ မင်းညီမေးငေါ့ပြတဲ့ဘက်ကိုလှမ်းကြည့်လိုက်သည်။
"ဘာလဲ"
"ငါ့ဇာတိက အသိတစ်ယောက်ရဲ့ညီလေး"
အဲ့ကောင်လေးရှိရာဆီသို့ တချက်အကဲခတ်ကြည့်လိုက်ပီးမှ
"ပုံစံက တောသားလေးဘဲ"
"အင်း ငါတယောက်ယောက်နဲ့မိတ်ဆက်ပေးဖို့ခေါ်လာတာ"
"ဘယ်သူနဲ့လဲ"
"စပွန်ဆာပေးနိုင်မဲ့ တစ်ယောက်ယောက်ပေါ့"
မဏိမျက်မှောင်ကျုံ့ပီး မင်းညီကိုကြည့်လိုက်တော့...
"ကောင်လေးက တက္ကသိုလ်ကျောင်းသားလေး။ငွေကြေးခက်ခဲနေလို့ ... "
မင်းညီကပြောနေရင်းနဲ့ "မင်းထင်နေသလိုဘဲ"ဆိုတဲ့သဘောနဲ့ ခေါင်းညိမ့်ပြနေတာမို့ မဏိသဘောပေါက်လိုက်သည်။
YOU ARE READING
Kywe(ကြွေ) Ongoing
Romans"တစ်ယောက်အကြောင်းတစ်ယောက်သိသွားကြပီဆိုရင် ရှေ့ဆက်လို့မရနိုင်ဘူး" အော်ဖာကောင်လေးအပေါ် ကြွေကျသွားမှာစိုးလို့ စကားလုံးတွေနဲ့ စည်းတားထားတဲ့ လုပ်ငန်းရှင်သူဌေးကြီး ဦးဇာမဏိ "ကျွန်တော်တို့ တစ်ယောက်အကြောင်းတစ်ယောက်မသိကြသေးဘူးမလား" ငွေကြေးအဆင်မပြေလို့ ခန္ဓာ...