အပိုင်း၂

4 1 0
                                    

ဒေါက်ဒေါက်...

"၀င်ခဲ့"

လက်ထဲမှာ ဖိုင်တစ်ထပ်လိုက်နဲ့ ရုံးခန်းတံခါးကိုဖွင့်ကာ၀င်လာတဲ့ မင်းညီ

"ဒါကဒီလရဲ့ စာရင်းချုပ်"

"အင်း"

မဏိရဲ့အလုပ်စားပွဲပေါ် လာတင်တဲ့ ဖိုင်တွေကိုမကြည့်အားသေး။ ဒီလရဲ့အမြတ်ငွေစာရင်းချုပ်ကို ကွန်ပျူတာထဲသိမ်းပီးတဲ့အထိ မင်းညီကမသွားသေးဘဲ ရပ်ကြည့်နေတာမို့ သူလည်းအလုပ်စားပွဲမှထကာ ဆိုဖာပေါ်ပြောင်းထိုင်လိုက်တော့ မင်းညီကသူ့ရဲ့မျက်နှာချင်းဆိုင်ဆိုဖာမှာ ၀င်ထိုင်ပါသည်။

"ဘာလဲ မသွားသေးဘူးလား အလုပ်မရှိတော့ဘူးလားမင်းက"

မဏိပြောဆိုလိုက်မှ ရယ်ဖြဲဖြဲမျက်နှာဘေးနဲ့

"မင်းဒီနေ့တနေကုန်ဘာမှမမြိုထားမှန်းသိလို့ ငါကော်ဖီနဲ့ကိတ်မုန့်မှာထားတယ်"

ပြောရင်းနဲ့၀န်ထမ်းကောင်မလေးတယောက်က ကော်ဖီဗန်းနဲ့၀င်လာပီး ကော်ဖီနှစ်ခွက်နဲ့အတူ ကိတ်မုန့်ပန်းကန်ပါလာချပေးသည်မို့ မဏိလည်းကော်ဖီခွက်ယူကာ တစ်ငုံလောက်သောက်လိုက်သည်။

"ဒါနဲ့ မင်းရဲ့ဟိုချာတိတ်လေးက ကျောင်းဆက်မတက်တော့ဘူးလား"

"မသိဘူးလေ ဘာလို့လဲ"

"၁၀သိန်းလောက်နဲ့ တက်ရမဲ့ ၅နှစ်လုံးလုံး လုံလောက်သွားလို့လား"

"ဟမ်!ဘာလို့"

"ထားလိုက်တော့"

***အဲ့ချာတိတ်လည်းနောက်ထပ်တစ်ယောက်နဲ့တွေ့နေလို့ သူ့ကိုအဆက်အသွယ်မလုပ်တာနေမှာပေါ့*** ကိတ်မုန့်တခုကို ပါးစပ်ထဲထည့်ပီး ကော်ဖီနဲ့မြောချလိုက်တော့သည်။

°°°°°°°°°°°°°

နွေဦးပေါက်ရာသီကာလရဲ့ တညမှာ တစ်ယောက်ထဲနေသူမို့ ထွေထွေထူးထူးဘာမှမရှိတာကြောင့် အမြဲလိုလိုအပြင်မှာဘဲ စားတတ်သူမို့ အခုလည်းအပြင်ထွက်စားဖို့ ကားနဲ့ထွက်လာခဲ့သည်။

တနေရာအရောက် စီးကရက်၀ယ်ရန် ကုန်စုံဆိုင်တခုထဲသို့၀င်မည်ပြု ဆိုင်ရဲ့ဘေးနားလေးမှာ လမ်းဘေးခွေးငယ်ငယ်လေးတစ်ကောင်ကို ပေါင်မုန့်ဖဲ့ဖဲ့ကျွေးနေတဲ့ ကောင်လေးငယ်ငယ်~~~

"ကြွေ"

ဩဇာအပြည့်နဲ့ကြည်လင်ပြတ်သားတဲ့အသံကြောင့် ရွက်ဝါရဲ့ရင်ထဲသိမ့်ခနဲဖြစ်သွားရသည်။

"ဟင်!လူကြီး"
ရွက်ဝါတစ်ချိန်လုံးလွမ်းနေခဲ့ရတဲ့ထိုလူကြီး...
အမှတ်မထင်ပြန်ဆုံတော့ ရွက်ဝါရဲ့နှလုံးသားလေးက အတိုင်းအစမရှိပျော်ရွှင်မိသည်ကို ဟန်ပင်မဆောင်နိုင်။မျက်နှာလေးပွင့်လန်းနေပုံက နေကြာပန်းလေးတပွင့်နှယ်~~~~

"ဒီမှာဘာလုပ်နေတာလဲ"

"မုန့်လာ၀ယ်တာ"

"ကိုယ်က မင်းကျောင်းဆက်မတက်တော့ဘဲ ပြန်သွားပီတောင်မှတ်တာ"

"ကျွန်တော်က လွယ်လွယ်နဲ့လက်လျှော့တတ်တဲ့သူထဲမပါပါဘူးဗျာ"

"ဒီရာသီကကျောင်းတွေပိတ်တယ်မလား"

"ဟုတ်ပိတ်တယ်။ အဆောင်မှာကျွန်တော်တစ်ယောက်ထဲ ကျန်တာ"

"အင်း ကိုယ်မင်းကို ကိုယ့်ရဲ့ရုံးဖုန်းနံပါတ်ပေးလိုက်ပါတယ် ဘာလို့တခါလေးတောင် ဆက်မလာရတာလဲ ကြွေ... "

" ဟို... အဲ့စာရွက်ကလေ ကျွန်တော်အင်္ကျီအိတ်ထောင်ထဲထည့်ထားမိတာ မေ့ပီးလျှော်လိုက်မိလို့ ‌စာရွက်က ပျက်စီးသွားတယ် အဲ့တာကြောင့်.... မဆက်သွယ်ဖြစ်ခဲ့တာပါ"

ကောင်လေးရဲ့မျက်လုံးတွေကို ကြည့်ရတာ တခုမှမုသားမပါ။သူ့ကိုတွေ့တွေ့ချင်း ဝိုင်းစက်သွားတဲ့မျက်လုံးတွေ ပင့်သက်သွားတဲ့နှုတ်ခမ်းလေးက ပျော်ရွှင်ခြင်းဆိုတဲ့ခံစားချက်တွေ ပေါ်လွင်နေသည်။

"ကြွေ ဘာစားပီးပီလဲ ကိုယ်လဲအခုဘဲထမင်းသွားစားမလို့ တခါထဲလိုက်ခဲ့လိုက်"

ကြွေရဲ့ပုခုံးလေးကိုဖက်ကာ ထိုနေရာမှ ထွက်ခွာခဲ့လိုက်သည်။

°°°°°°°°°°°°°

အပြင်မှာညစာစားပီး မဏိအိမ်သို့ရောက်လာတော့

ပြွတ်~~~မွ

နှစ်ယောက်သား ဧည့်ခန်းထဲမှာ နမ်းကြရင်းအတော်ကြာတော့ နှစ်ယောက်လုံးကိုယ်မှာ အ၀တ်တွေမကပ်ကြတော့...မဏိက ကြွေကိုယ်လုံးလေးကို ပွေ့ချီလျက် အပေါ်ထပ်သို့ တက်လာခဲ့သည်။ဧည့်ခန်းထဲက အ၀တ်တွေကတော့ ဖယိုဖြဲနဲ့ ကျန်ခဲ့ရပါသည်။

"အင်းးးးဖြေးဖြေးးးး အာ့ဟ်"

°°°°°°°°°°°°°°°°°°°°°°°
4.3.2024 Monday
4:25 PM

ကြိုးစားပီးရေးပေးထားပါတယ်🌚 ကြိုက်ကြလားရှင့်🤭

Kywe(ကြွေ) Ongoing Where stories live. Discover now