Unicode
လော့ချယ်က ထိုစကားကိုကြားတော့ သူ့အနားရှိနေတဲ့ ကုမျန်ကို မသိစိတ်က ကြည့်လိုက်မိတယ်။
ဒီလိုအရာတွေကို ဆွဲမိနိုင်လောက်အောင် သူတစ်ခါမှ ကံမကောင်းခဲ့ဖူးဘူး။
Dou Dizhu ကစားတုန်းကလည်း သူ့ကံက မကောင်းဘူး။ သူမဲနှိုက်ရင်တောင် သူ့ကံက မကောင်းလုနီးပါးဖြစ်ဦးမှာပဲ။
အတိုချုပ်ပြောရရင် သူပါဝင်ခဲ့ဖူးတဲ့ ပရိုဂရမ်တွေမှာ မဲနှိုက်ရတာရှိခဲ့ရင် သူ တစ်ခါမှ ကောင်းကောင်းမရဖူးဘူး။
ဒါပေမယ့် ဒီတစ်ခါတော့ ကုမျန် သူ့ဘေးမှာ ရှိနေတာမို့ အရင်က ကံမကောင်းခဲ့တဲ့ အကြိမ်အနည်းငယ်နဲ့ မတူဘူး။
လော့ကျစ်ယွီပြောခဲ့သလိုမျိုး သူမက သူ့ရဲ့koi လေးများလား။
ထိုအတွေးနဲ့အတူ လော့ချယ်က မျက်လုံးမှိတ်ပြီး မျက်ခုံးကို ဖျစ်ညှစ်လိုက်တယ်။
သူ ဘာဖြစ်သွားတာလဲ။
လော့ကျစ်ယွီက သူ့ကိုနောက်ပြောင်လိုက်တာတောင် သူက ဘာလို့ ယုံသွားရတာလဲ။
လော့ချယ်အသက်ပြင်းပြင်းရှူလိုက်ဆယ်။
သူ မျက်လုံးပြန်ဖွင့်လိုက်တော့ လင်ချန်အန်းနဲ့လျူလင်းတို့က ရှေ့တက်ပြီး သူတို့ရဲ့လက်ဖဝါးထဲ သင်္ကေတတစ်ခုဖမ်းဆုပ်ထားဖို့ တင်ဆက်သူဆီ ပြေးသွားကြပြီပင်။
ရှိုးရဲ့အကျိုးသက်ရောက်မှုအတွက်၊ လူကြီးလူကောင်းဆန်မှုတွေ လျော့နည်းသွားတာက သူတို့အတွက် အရေးမကြီးဘူး။
လီရှောင်းဟယ်ရဲ့အမူအရာက ရုတ်တရက်ပြောင်းလဲသွားပြီး အော်ဟစ်လိုက်တယ်။ "ဟေး၊ ရှင်တို့ဘယ်လိုလုပ်လိုက်တာလဲ ကျွန်မတို့ခေါင်းဆောင်က အဆင်သင့်မဖြစ်သေးဘူးလေ!"
လင်ချန်အန်းက လှည့်ကြည့်ဖို့ အချိန်ယူလိုက်ပြီး "သူ ဘာအတွက် ပြင်ဆင်ဖို့ လိုအပ်လို့လဲ?"
ဒုက္ခခံစားရတာထက်စာရင် အရင်ရွေးချယ်လိုက်တာက ပိုကောင်းတယ်။ဒါပေါ့၊ သူ အရင်ဆုံးလုယူရမှာပေါ့။
ဒါပေမယ့် လင်ချန်အန်းနဲ့လျူလင်းတို့က သင်္ကေတတွေကိုမြင်တွေ့ပြီးနောက်မှာ သူတို့ရဲ့အမူအရာက သိပ်ကြည့်မကောင်းနေပေ။
YOU ARE READING
ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်
RandomStatus in COO : 253 chapters (complete)