Part - 1

2.7K 75 2
                                    

" သေလိုက်ပါတော့ကွာ ဟင့် အမေရယ်
   ဒီ လောကကြီးကလေ သမီးကိုမှ ဒုက္ခတွေရွေးပေး
   နေတာ အဟင့် ဗြဲ "

" ဟာ ဒီကလေးမ နမိတ်မရှိဒုက္ခပါပဲကွာ မငိုနဲ့တော့"

မော်တော်ပီကယ် ဦးလေးကြီးမှ ကျွန်မအား
ချော့နေခြင်းပင်။ သင်တန်းတစ်တန်းလုံးမှ
ကျွန်မတစ်ယောက်တည်းကျ၍ ရင်ထဲပလောင်းဆန်စွာဖြစ်နေရပါသည်ဆိုကာမှ ဟောဒီ ဖြူဖြူလူ
တွေနဲ့ လာတိုးနေပြန်သည်။ အိမ်ပြန်ရောက်ရင်လည်း အိမ်က အစ်ကိုက ကြိမ်းဦးမည်။ စိတ်ညစ်၍
အတိုးချသာငိုနေမိတော့သည်။

" ဟဲ့ ကလေးမ မငိုနဲ့တော့လို့ "

" မငိုလို့ ဘာလုပ်ရမှာလဲ သူတို့ပဲဖမ်းထားပြီးတော့
  မဟုတ်ရင်လည်း ဒီတိုင်းလွှတ်ပေးလိုက်တော့ပါလားလို့ "

"အဲ့လိုလုပ်လို့တော့ မရဘူးလေ မင်းဦးထုပ်မဆောင်းပဲ ဆိုင်ကယ်မောင်းတာလေ ငါတို့မှာ မင်းတို့လို
ဟာလေးတွေကို အပြစ်ပေးဖို့ တာဝန်ရှိတယ်ကွ
မဟုတ်ရင်လည်း မင်းအိမ်ကလူတွေခေါ်လိုက်ကွာ "

"ဟေး ဒီမှာဘာတွေဖြစ်နေတာလဲ "

" ဟာ မဒမ် ကိစ္စကြီးမဟုတ်ပါဘူးဗျာ
   ဒီကလေး ဦးထုပ်မဆောင်းလို့ဖမ်းထားတာကို
   ငိုပဲငိုနေလို့ ပါဗျာ "

" ဟုတ်ပြီ မင်းဟိုဘက်မှာခဏသွားစောင့်နေ
   တို့ ရှင်းပေးမယ် "

ဘယ်ကမှန်းပေါ်လာမှန်းမသိ အမျိုးသမီးတစ်ယောက်။ရှပ်လက်ရှည်ကို ခေါက်တင်ကာ အမဲရောင်
စတိုင်ပန့်နှင့် ခါးပတ်ကို တွဲ၍ဝတ်ထားသည်။
ထိုအမျိုးသမီး၏စကားကြောင့် အားကိုးလေး
တော့ရပြီပဲ ဆိုကာ အဝေး၌သွား၍ရပ်နေသည်။
ထွက်ပြေးလို့မရပဲဆိုင်ကယ်သော့က ဟိုလူကြီးဆီ
မှာလေ။ ထိုအမျိုးသမီး၏ မျက်နှာအားသေချာ
တော့ မမြင်လိုက်။ ကိုယ့်မျက်ရည်နှင့်ကို ဝါးနေခြင်းပင်။ သေချာမြင်လိုက်သည်မှာတော့ သူ့ရဲ့
တောက်ပြောင်နေတဲ့ ရှုးဖိနပ်မှာပေါ်နေတဲ့
ကိုယ့်ကိုကိုယ်ပင်။

ငယ်လည်း အိမ်ရောက်ရင် ကိုကို့ကို ဘယ်လိုပြန်
လိမ်ရလဲဟုသာ တွေးပန်နေသည်။ခဏအကြာ
ထိုအမျိူးသမီးက ငယ့်ဘက်သို့ လျှောက်၍
လာသည်။ အခုမှမြင်သည်။ သူမ၏
သက်လတ်ပိုင်းအရွယ် မျက်နှာပေါက်မှာ
အင်မတန် သြဇာရှိသည်။ ထိုသြဇာနှင့်အတူ
အရပ်မှာလည်း လိုက်ဖက်၍နေသည်။
အနားရောက်မှ ငယ်လည်း မျက်နှာငယ်ဖြင့်

Sweet Surrender Where stories live. Discover now