မမ ဆီက အရိုက်ခံပြီးနောက်ပိုင်း ငယ် အမှားမရှိအောင်နေသည်။ အရိုက်ခံရတဲ့ခံစားချက်ကို တစ်ခါမှ မခံစားဖူးတဲ့ ငယ်က မမလက်ချက်နဲ့ မှတ်သွားပြီ။ ဝမ်းနည်းစိတ်ကြောင့် အချိန်တော်ကြာထိ ကြိတ်ငိုဖြစ်တာကို မမက သတိထားမိသည်ထင်သည်။ ငယ် အတွက် အပြင်ကပြန်လာရင်
မုန့်များဝယ်လာပေးသည်။ ယခုလည်း
ပိတ်ရက်မှာ မမ ကတိပေးထားတဲ့အတိုင်း
အိမ်ပြန်ပို့ပေးဖို့ ငယ်တောင်းဆိုမိသည်။ မမက လက်ခံတော့ ငယ် ကိုကို့ ကို တွေ့ရမယ့် စိတ်ကြောင့်
ပျော်သည်။ အိမ်ပြန်ရောက်တော့ ကိုကိုက မရှိနေ။" ငယ် ကိုယ်ပြောသားပဲ ဖုန်းကြိုဆက်ပါဆို "
" ငယ်က စပရိုက်ဖြစ်စေချင်လို့ပါ "
ငယ်က မျက်နှာငယ်ဖြင့်ပြန်ပြောတော့ မမက မသိမသာ မျက်ခုံးရိုးတွေတွန့်ပြသည်။
" ပြန်မယ် လာ "
" ဟင် မပြန်ပါဘူး "
" ငယ် ကိုကို့ ကို ဖုန်းဆက်လိုက်မယ် မမပြန်နှင့်ပါ"" ထိုင်စောင့်နေဖို့လား"
" ဟီး ဒီမှာ သော့ရှိတယ် "
ငယ် ကိုကို ထားနေကျ ပန်းအိုးထဲက သော့လေးကို
ကိုင်ပြပြီး ခြံတံခါးဖွင့် အထဲဝင်လာသည်။
မမ က နောက်ကနေ လိုက်လာကာ" ကိုယ် အတူ စောင့်ပေးမယ် "
"ဟင် မစောင့်ပါနဲ့ ပြန်ပါ မမ"
"မင်းက နှင်လွှတ်နေတာလား "
" အယ် မဟုတ်ပါဘူး ထိုင်ပါ
တစ်ခုခုလိုရင်ပြောပါ ငယ်လုပ်ပေးမယ်နော်"" အင်း "
ငယ် ကိုကိုလည်းမရှိတာကြောင့် အခန်းထဲမှာ
အပြေးလေး ဂိမ်းဆော့ဖို့ စီစဥ်ထားတဲ့ စိတ်ကူးလေးတွေတော့ လေထဲမျောပါပြီ။
ကိုကို့ ကို ဖုန်းဆက်တော့ ညနေမှ ပြန်ရောက်နိုင်မယ်ပြောတာကြောင့် စိတ်ညစ်မိသည်။
ကုလားထိုင်ပေါ်မှာ ခြေချိတ်လက်ချိတ်ထိုင်ကာ
ငယ့်ကို ကြည့်နေတဲ့ မမ က ငယ့်ကို ပိုလို့တောင် စိတ်ရှုပ်ထွေးစေသည်။" ဟို မမ သောက်ဖို့ ဖျော်ရည်သွားဖျော်ပေးမယ်နော်"
ဆိုကာ မမ ပြန်အဖြေကိုတောင် မစောင့်ပဲ ငယ် နောက်ဖေးကို ပြေးထွက်လာခဲ့သည်။
မမ ဖို့ သံပရာရည်ကို ဇိမ်ပြေတပြေဖျော်နေတုန်း
နှာခေါင်းထဲသင်းလာတဲ့ မမရဲ့ ရေမွှေးနံ့ကြောင့်
ငယ် တိုးတိုးလေး ရေရွတ်မိသည်။
YOU ARE READING
Sweet Surrender
Romance" တို့ မင်းကို လက်ထပ်ယူမယ် တဘက်ခါ မင်းကိုလာတောင်းမယ် အဲ့တာကြောင့် အဆင်သင့်ပြင်ထား မင်း ကိုကို ကိုလည်း ငါပြောပြီးပြီး အတွန့်တော့မတက်နဲ့ "