Part-6

2K 102 18
                                    

မမနဲ့ ဆက်ဆံရေးက တဖြေးဖြေးပိုမို ရင်းနှီးလာခဲ့ပြီ။ မမရဲ့ စည်းကမ်းတွေကလည်း ငယ်အတွက်
အသားကျဟန်ဖြစ်လာပြီ။ ငယ်က စည်းကမ်းလို့
ကြားတာနဲ့ ချိုးဖောက်ဖို့ ဝန်လေးတဲ့သူဖြစ်သည်။
အမှန်က ကြောက်တာလည်း ဖြစ်မှာပါ။
ငယ် မမ ကို ဒေါသအဖြစ်မခံ၊ သူ လေသံမာရုံနဲ့
ငယ်အလိုက်သိသည်။
နေရာအသစ်တစ်ခုရောက်တဲ့အခါ နေရာအသစ်နဲ့
အံဝင်ခွင်ကျ နေတတ်ရတယ်ဆိုတဲ့ ကိုကို့စကားကို
ငယ် လက်ဆွဲကိုင်ထားသည်။

မမ က ငယ့်ကို ဒေါက်ထောက် ကြည့်သည်။
အမြဲတမ်း လိုက်ပြောနေလို့လည်း ငယ်အမှားမလုပ်မိပေ။ ငယ် ကို လက်ဖျားနှင့်တောင်မထိသေးသိ မမ ကိုတော့ ငယ် ထူးဆန်းနေမိသည်။
သူ မူးပြီးမှ ပြောတဲ့စကားအတွက် တာဝန်ယူနေသလားလို့လေ။

ခုရက်ပိုင်း မမ တော်တော်အလုပ်ရှုပ်နေသည်။
အခုလည်း အလုပ်ခရီး 1ပတ်သွားရဦးမည်ဆိုကာ
သွားပြန်သည်။ စပ်စုကြည့်တော့လည်း
ကိုယ့်နေရာကိုယ်နေသာပြောသည်။

မမ အလုပ်ကိစ္စနဲ့ခရီးသွားမယ်ပြောတုန်းက
ငယ်နှင့် သိမ့်စံ ရင်ထဲ မီးပန်းဖောက်သလိုပင်။
အလုပ်ကောင်းမှုနဲ့ မမရဲ့ ဆူသံနဲ့မထိတွေ့ရတော့
ငယ့်ရဲ့ ဂျစ် ချင်စိတ်တွေ ပြန်ပေါက်ပွါးလာသည်။
ယခုပင် မမ ထွက်သွားပြီး သူငယ်ချင်းနှစ်ယောက်
အတန်းလစ်ပြီး လျှောက်လည်မယ့် Listကိုဆွဲနေကြသည်။

" ငယ် အခု ငါတို့ အိမ်မှာပဲ ရုပ်ရှင်ကြည့်ကြမယ်
ညနေကြမှ လျှောက်လည်ကြမယ်လေ မြို့ထဲ "

" ကောင်းပြီလေ "

သူငယ်ချင်းနှစ်ယောက် မုန့်များစားလိုက်ဖြင့် ရုပ်ရှင်ကြည့်ခဲ့ကြသည်။ ရုပ်ရှင်က အချိန်အစားထိုးသက်သက်သာ။ လျှောက်လည်မယ့် အပိုင်းကသာ
ငယ့်အတွက် စိတ်လှုပ်ရှားစရာ။
ညနေသာ မြန်မြန်ရောက်ဖို့ ဆုတောင်းသည်။

---------------------

အခုရက်ပိုင်း မပြီးပြတ်တဲ့ အလုပ်ကိစ္စတွေကြောင့်
ငယ်နဲ့ တိုးတက်နေတဲ့ ဆက်ဆံရေးလေးက
ပြန်လျော့လာလို့ စိတ်ရှုပ်နေမိသည်။ အဖေထားခဲ့တဲ့ ကုမ္မဏီတွေက အကျပ်ရိုက်နေတာမို့ ကိုယ်တိုင်
ဆင်းပြီ လေ့လာဖို့ ဆုံးဖြတ်ကာ ခရီးထွက်ဖို့ပြင်လိုက်သည်။ အိမ်က နှစ်ယောက်ကို ပြောပြတော့
မျက်နှာက ပုရွက်ဆိတ်တက်မည်တောင်စိုးရသည်။

Sweet Surrender Where stories live. Discover now