အပိုင်း ၃၆

1.4K 63 11
                                    

ပိုပြီးချစ်မယ့် နေ့သစ်များ

အဖြေမရသေးတာတောင်၊မူစကူဒူးချင်တဲ့ တစ်စုံတရှိန်းကတော့....

ဟားးးးဟားးးဟားးးး

မနက်အောင်စာရင်းထွက်မှာမို့ စိတ်လှုပ်ရှားပြီး အိပ်မပျော်ပဲဖြစ်နေရသည်။သူဝယ်ပေးခိလိုက်တဲ့မုန့်တွေ ထိုင်စားနေရင်း ၁နာရီကျော်လာတော့အိပ်ငိုက်လာလေပြီ။ခုံနံပါတ်ပေးထါး၊တီချယ်သိတာနဲ့phဆက်ပြောပေးမယ် ဆိုလို့မေမေ့phပေးထါးလိုက်တာလဲရှိသလို အဆောင်ကတီချယ်ကလဲ အစောကြည့်ပေးမယ်ဆိုတော့ သူမစိတ်ချလက်ချအိပ်ပစ်လိုက်တော့မည်။

သူမထက်စိတ်လှုပ်ရှားသူက. မေမေပါ phနဲ့လူမခွာပဲ ပုတီးစိပ်ရင်း ထိုင်စောင့်နေရှာသည်။

4:00Am

"""မနက်ခင်လေး အိပ်ယာနိုးရင်  နင့်အပြုံးးလေးနဲ့အတူ နိုးချင် အလှဆုံးသောမင်းကိုငေငးကြည့်ရင်း....နင်ပြင်ပေးတဲ့မနက်စာလေးနဲ့ ငါ့တနေ့တာများကို အစပြုချင်၊
မျှော်လင်ံမိသော အတူရှိခွင့်ရမယ့်နေ့တနေ့"""
Ph သံကြောင့် ဒေါ်သက်ထားဖုန်းထဖြေလိူက်သည်။

"Hello ဟေမာန်နှင်းမှုံ တို့အိမ်ကပါလား"

"ဟုတ်ပါတယ်ရှင့် ၊ကျွန်မ သူ့အမေပါ"

"သြော် ညီမရေ ကျွန်မသူ့တီချယ်ကြီးပါ၊ အောင်စာရင်းလေးလှမ်းပြောတာပါ "

"ဟုတ်ကဲ့တီချယ်ကြီး၊

"အရမ်းတော်တဲ့သမီးလေးကို ညီမမွေးထုတ်ထားတာပဲ...ဟေလေးစာမေးပွဲအောင်ပါတယ်နော်၊ဂုဏ်ထူး၃ဘာသာပါ ပါတယ်
အဆောင်ကိုလွှတ်ပေးပါအုန်းနော်၊ဂုဏ်ပြုချင်လို့။"

"ဟုတ်ကဲ့တီချယ် ကျေးဇူး ပါနော် ကျွန်မလဲတီချယ်ကြီးတိူ့ဆီလာပါအုန်းမယ်၊။ "

ဖူန်းချလိုက်ပြီးမှ သူမဝမ်းသာမျက်ရည်များကျလာလေသည်။ သမီးရယ်တော်လိုက်တာ မေမေ့သမီးတာဝန်ကျေပါတယ်။ ဒီမအေဂုဏ်ယူရအောင် ကြိုးစားပေးတယ် ။သမီးအတွက်ဂုဏ်ပြုဖို့ လက်ဆောင်ကြိုပြင်ထားပြီးသားပါအောင်ဖို့ကတော့သူမစိတ်ကကြိုသိနေပေမယ့် ၃ဘာသာတောင်ပါမယ်မထင်မိထားဘူးလေ။သူမ. မျက်ရည်သူပ်နေတုန်း အိပ်ချင်မူးတူးနဲ့ သမီးက သူမအနားရောက်လာလေသည်။

ပိုပီးချစ်မယ့် နေ့သစ်များWhere stories live. Discover now