အပိုင်း ၂၆

1.4K 52 8
                                    

ပိုပြီးချစ်မယ့် နေ့သစ်များ

လူအများကြားမဏ္ဍပ်ရှေ့တိုးကြိတ်နေကြပေမယ့် နှစ်ယောက်ထဲကမ္ဘာတည်နေကြတာက သူတို့နှစ်ယောက်သာ...နောက်ကနေခါးကိုအသေချာဖက်ထားတာမို့ဟေဘယ်လို​မှရုန်းမရဖြစ်နေသည်။.

"ရှိန်းသူ လူတေကပိုများလာပြီထွက်မရပဲနေလိမ့်မယ်."

"အင်း သွားမယ်လေ..လာငါ့လက်ကိုသေချာတွဲ.. လူတိုးရင်ကွဲမသွားစေနဲ့.ဆိုင်ကယ်ရပ်ထားတဲ့ဘက်သွားကြစိူ့"

"သဇင်တို့တွေရောဘယ်မှာလဲမသိဘူးနော် မတွေ့တော့ဘူး"

"လူများနေတော့ရှာဖို့မလွယ်တော့ဘူး ထယးလိုက် ပြန်ခါနီးကျ ဟိုကောင်တွေဆီphဆက်လိုက်မယ်."

"ဘယ်သွားမလဲ.ကန်ဘောင်နားအပင်အောက် သွားထိုင်မလား"

"အင်း နင်အဆင်ပြေမယ့်နေရာသွားလိုက်..ဒီနားလူအရမ်းများတော့ ခေါင်းပါမူးတယ်"

သူတို့နှစ်ယောက် ကန်ဘောင်ဘေးကခုံတန်းလေးတွေဆီလာလိုက်ကြသည်။

"လာ ဟိုခုံမှာနေရိပ်ရတယ် သွားထိုင်ရအောင်" သွားရအောင်ပြောပြီး လက်ကိုပါတပါထဲဆွဲခေါ်သွားတာမို့

"ဒီနားကလူရှင်းပါတယ် ရှိန်းသူရဲ့ လက်လွှတ်ပါအုန်း လူမကွဲတော့ပါဘူး"

"လက်လေးဆွဲတာတောင် တွန့်တ်ိုတယ်နော် ခင်ဗျားလေးက "

"ထိုင် ဒီမှာ.."
ဟေ့ကို ထိုင်ခိုင်းပြီးသူပါ ဘေးချင်းကပ်ထိုင်ချလိုက်သည်။

လူနားအရမ်းကပ်ထိုင်ချလာတာမို့.ဟေ ဟိုဘက်တိူးထိုင်လိုက်သည်ကို သူကပါတိူးလိုက်လာတာမိူ့ ခုံကအစွန်းလက်တန်းနဲ့ဆက်တ်ူးမရတော့ပေ။

"ရှိန်းသူ ဟိုဘက်တိူးထိုင်စမ်းပါ ဒီမှာထပ်တိုးမရတော့ဘူး."

"မရ မတိုးနဲ့ပေါ့ နင်ကဘာလို့ ဟိုဘက်ကပ်ကပ်ထိုင်နေလဲ"

"နင်ကရောဘာလို့ အရမ်းလာကပ်ထိုင်လဲ နင့်ရည်းစားသာခုနေမြင်ကြည့် ပြသနာတက်ပြီပဲ"

"ဟုတ်လား ငါတောင်မသိတဲ့ငါ့ရည်းစားက ဘယ်သူလဲ....နင်လား ဟေဟေ"

"လာမစနဲ့နော် ငါကဘာလို့နင့်ရည်းစားဖြစ်ရမှာလဲ.."

"ခနကတောင် မောင် ဆို အက်ဒါငါ့ရည်းစားမဟုတ်ဘူးလား"

ပိုပီးချစ်မယ့် နေ့သစ်များWhere stories live. Discover now