သာသာအတွေး {အားလုံးဖတ်ပေးကြပါ‌ရှင်}

946 20 1
                                    


ဒါလေးကတော့ficနဲ့မဆိုင်ပါဘူး ဒါပေမယ့်သာသာအရမ်းတင်ချင်လာလို့ပါ သာသာရဲ့တွေ့ကြုံမှုအရကောသာသာရဲ့စိတ်ကူးအရကောတွေးမိတာလေးရေးတာ‌ပါ။

စိတ်ရဲ့အရေးကြီးမှုဟာဘယ်လောက်အရေးပါလဲ။

လူတစ်ယောက်မှာစိတ်ဓာတ်ကအရမ်းအရေးကြီးတယ်။စိတ်ဓာတ်ကြံ့ခိုင်ရင်ဘာမဆိုလုပ်နိုင်တယ် ဘယ်လောက်ပဲသန်မာနေပါစေစိတ်ကအားငယ်ရင်ဘာမှလုပ်ချင်စိတ်မရှိပါဘူး

ဥပမာ (၁) လူမမာတစ်ယောက်နေမကောင်းဘူး နာတာရှည်လိုဖြစ်နေတဲ့သူတစ်ယောက်ဟာ စိတ်ဓာတ်ကငါအရမ်းသန်မာရမယ်ငါပြန်ကောင်းမှာပဲ ငါကြိုးစားရင်ငါပြန်ကောင်းမှာပါလို့တွေးရင် ကျန်းမာရေးကတချို့တစိတ်တပိုင်းကသက်သာလာမယ် စိတ်ဓာတ်ကြံ့ခိုင်ရင်လူကောင်းတစ်ယောက်ပြန်ဖြစ်နိုင်တယ်။

‌သံဆူးထားတဲ့လူတစ်ယောက်က ငါ့ဒဏ်ရာကသံဆိပ်တက်ပြီးသေမှာပါလို့တွေးပြီးဘာမှမစားဘာမှမသောက်ပဲနေတဲ့သူက အိပ်ရာထဲလဲနိုင်တယ်ဒါနဲ့ပဲသူ့စိတ်ကြောင့်ဖြစ်တာသူမသိပဲ သံကြောင့်လို့ထင်နေရာကနေ လုံးပါးပါးနိုင်တယ်။

စိတ်ဓာတ်ကျနေတဲ့သူတစ်ယောက်ကိုထပ်ပြီးစိတ်ဒဏ်ရာတွေပေးရင်ပိုဆိုးနိုင်တယ် ဒါကြောင့်လူတစ်ယောက်မှာစိတ်ဓာတ်ကလည်းတစ်စိတ်တစ်‌ေနရာမှာအရေးကြီးပါတယ်။

Supporting ပေးခြင်း

ဥပမာ-(၂) မိဘနဲ့သားသမီး ငွေကြေးမပြည့်စုံပေမယ့် တတ်နိုင်တာလေးနဲ့ဖြည့်ဆည်းပေး‌ပညာကိုတတ်မြောက်အောင်သင်နိုင်အောင်နောက်ကနေအားပေးနေရင်ထိုကလေးကလူတော်လူကောင်းဖြစ်နိုင်တယ် သူ့ရဲ့ဆင်းရဲမှုကိုပဓာနမထားပဲ ပညာကိုကြိုးစားမို့မိဘတွေကစကားတွေနဲ့ပဲအားပေးခြင်းက‌လည်း ကြံ့ခိုင်အောင်လုပ်ပေးတာနဲ့တူတူပါပဲ ။

ဒီလိုမဟုတ်ပဲ ပိုက်ဆံတော့ထောက်ပံ့ပြီးခနခနငြီးငြူ အားပေးစကားမပြောဖိနှိပ်နေရင်သားသမီးပါလမ်းမှားရောက်နိုင်တယ်။

ဆရာနဲ့တပည့်

ဘာသာရပ်တစ်ခုရဲ့ဆရာကသူ့ဘာသာက်ုမရပေမယ့် ကလေးတွေက်ုအားပေးတယ် ဆက်ကြိုးစားမို့ပြောမယ် အမြဲအားပေးမယ် တခြားဘာသာကိုပါသေချာလုပ်မို့ပြောမယ် ဆူလည်းဆူ ချော့လည်းချော့ အားပေးရင် ဘယ်လောက်ဉာဏ်တုံးနေပါစေ အဲ့ဘာသာကိုလုပ်မို့စိတ်အားထက်သန်လာမယ်။

အဲ့လိုမဟုတ်ပဲ သူ့စာကိုမရလို့‌ေနာက်ဘာသာတွေကိုပါမရဘူးပြောအမြဲဆူ သူ့စာရတဲ့သူနဲ့နှိုင်းယှဉ်ပြော အမြဲတမ်းအထင်းသေးယှဉ်ပြောနေရင် ဘယ်လောက်ဉာဏ်ကောင်းနေပါစေအဲ့ဘာသာက်ုလုပ်မို့စိတ်မပါတော့သလို လုံး၀လည်းအလေးမထားချင်တော့ဘူး ဪငါဒီဘာသာက်ုအရမ်းအားနည်းနေတာပဲတိုတဲ့သိမ်ငယ်စိတ်တွေ၀င်လာနိုင်တယ်။

အဆုံးထိဖတ်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်
သာသာခုတွေးမိတာလေးရေးတာကိုဘယ်လိုမြင်လည်းကောမန့်လေးရေးပေးကြအုန်းနော်။

ချစ်ရပါသော တီချယ်Where stories live. Discover now