"မောနေပြီဟယ်တခုခုစားရအောင်"
"ဟုတ်တယ်ဟ သော်တာရယ်နားပါအုန်း"
"အ့ဆိုလည်းငါတို့ဟိုမှာကိတ်မုန့်စားကြမယ်အတွဲတွေထိုင်တာများတယ်ဟအတွဲလည်းချောင်းမယ်"
"ဟာ နင်ကလည်းအကျင့်ကိုက ပီးတော့နေ့လည်ဘက်ကိုမာလာရှမ်းကောဖြစ်ဖြစ်စားမယ်"
"အ့ဆိုလည်းပီးရောငါကိတ်မုန့်၀ယ်အုန်းမယ်"
"မြိုနင်ပဲဒီမာပဲငါတို့စောင့်နေမယခ"
သော်တာလည်းကိတ်မုန့်၀ယ်ရန်ဆိုင်ကိုဦးတည်သွားခဲ့တယ်
ဒါပေမယ့်အတွဲတစ်တွဲကြောင့်ချက်ချင်းပြန်လှည့်ခဲ့တယ်"ပြောတော့ ကိတ်၀ယ်မလို့ဆို"
"မစားချင်လို့ပေါ့သွားသွားရှေ့ကငါ ကြယ်စင်ကိုပြောစရာရှိလို့"
"နင်တို့နော်လျှိုတယ်"
"နင်တို့သိပြီးသားကိစ္စပါဟယ်"
"ပြီးတာပါပဲ"
ခွန်းနဲ့ရှင်းသန့်ကအရှေ့ကသွားတယ်။
"ဘာပြောမလို့လည်းသော်တာ"
"ဒီလိုဟငါဆိုင်ထဲ၀င်သွားငါဘသူ့ကြိတွေ့တယ်ထင်လည်း"
"ဘာလည်းနင့်ရည်းစားလား"
"ဖွဟဲ့ လွဲပါစေပယ်ပါစေ စကားအကောင်းပြောတာမနှောင့်နဲ့"
"နင်ပဲထင်လားဆိုငါကဘယ်သိမှာလည်း"
"ရှင်းရှင်းပြောလေဟဲ့"
"စကားပြောတာတောင်သူ့မယားနာမည်ကပါသေး"
"ရန်မဖြစ်ချင်ဘူး ပြောစရာရှိပြော"
"ဆရာမမာလာနဲ့ ငါတို့အိမ်နားကရဲမာန်ထက်ဆိုတဲ့လူကြီး ဖြစ်ပျက်နေလိုက်တာဟယ် ပြုံးဖြီးလို့ "
"ဟုတ်ရဲ့လားဟယ်"
"ဟုတ်တယ်ဟဲ့ငါကမှားစရာလား ငါ့ကိုတွေ့သွားတယ်လက်တောင်ကိုင်ထားကြေသးတယ် ငါလေဒေါသထွက်လိုက်တာငါ့သူငယ်ချင်းကိုသက်သက်ကစားတာ"
"ဟဲ့နင်တို့နှစ်ယောက်မြန်မြန်လာပါဟဲ့"
"အေးပါဟယ်"
ခွန်းတို့လည်းပျော်ပျော်ပါးပါးလျှောက်လည်ကြပြီးအိမ်ကိုပြန်လာခဲ့တယ်။
YOU ARE READING
ချစ်ရပါသော တီချယ်
Short Storyစာမေးပွဲဖြေတုန်းကအခန်းစောင့်တဲ့ဆရာမကလည်း ကိုယ့်အချစ်ဆုံးလူသားဖြစ်လာနိုင်ပါတယ် တီချယ်ကိုလေသမီးအရမ်းချစ်တာ ခွန်းသက်ထားမောင် အင်း ချစ်ရင်ချစ်တယ်မှတ်ပေါ့ကွယ် မောင်ရယ် ...