"ကျိုးကျိုး.. ချစ်သူများနေ့မှာ မင်းရည်းစားနဲ့ ချိန်းမတွေ့ဘူးလား.."
ကွမ်ဂျုရီ သည် အဝတ်များထုပ်ပိုးပြီး အပြင်ထွက်ရန် ပြင်ဆင်ပြီးနောက် ပန်းချီဆွဲနေဆဲ အခန်းဖော်ကို တွေ့ကာ မေးလိုက်သည်။
"ဘာချစ်သူများနေ့လဲ..Valentine's Day ပြီးသွားပြီ မဟုတ်ဘူးလား"
"မတ်လ ၁၄ ရက်နေ့က အဖြူရောင်ချစ်သူများနေ့လေ.. မင်းမသိဘူးလား.."
“အာ.."
ကွမ်ဂျုရီ က သူ့အင်္ကျီကို ဝတ်ပြီး
"အဲ့လိုဆိုမှ မင်း ရည်းစားနဲ့ ရန်ဖြစ်ထားတာလား..မတွေ့ကြာတာ ကြာပြီထင်တယ်.."
"မဟုတ်ဘူး"
လင်းကျိုး က နာကျင်နေတဲ့ လက်ကောက်ဝတ်ကို ပွတ်သပ်ပြီး ပုံဆွဲနေတာကို ရပ်လိုက်ကာ..
"သူက အလုပ်များနေလို့လေ.. အလုပ်ထဲကနေ သူ့ကိုယ်သူ ရုန်းမထွက်နိုင်သေးဘူး"
လင်းကျိုး နဲ့ သူ့ချစ်သူ ဂျီလင်း ဟာ မနှစ်က အပျော်ခရီး သွားတုန်း က သူတို့အဖွဲ့က အိပ်ဆောင်မှာ လူတချို့နဲ့ တွေ့ဆုံခဲ့ပါတယ်။
အဲ့မှာ ဂျီလင်း ကိုယ်တိုင်က မြင်မြင်ချင်း ချစ်မိသွားတယ်လို့ ပြောပြီး ချက်ချင်းပဲ သူ့ကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်လိုက်ပါတယ်။
လင်းကျိုး ဟာ အစပိုင်းမှာ သူ့အပေါ် သိပ်ပြီး မခံစားခဲ့ရပေမယ့် သူ့သူငယ်ချင်း တစ်ယောက်က ဂျီလင်းလို လူမျိုး ရှာရခက်တယ်လို့ ပြောဖူးသည်။ ထို့အပြင် ဂျီလင်း သည် အလွန်ဂရုစိုက်ပြီး ရိုးသားတာကြောင့် သူနဲ့ စမ်းတွဲကြည့်ဖို့ စီစဥ်ခဲ့ပါတယ်။
သုံးလလောက် စမ်းတွဲကြည့်ပြီးတဲ့နောက် တော်တော်လေး စိတ်သက်သာရာရခဲ့မိတယ်။ ဂျီလင်းသည် ချမ်းသာသော ဒုတိယမျိုးဆက်ဖြစ်သော်လည်း သူ့ရှေ့တွင် သခင်လေးတစ်ယောက်လို သဘောထားမရှိသည့်အပြင် သူ့တို့အကျင့်တွေက အလွန် လိုက်ဖက်ညီလှသည်။
"အိုး ဒီလိုပါပဲ..ကဲ..ကဲ..ငါ့သားလေး မငိုပါနဲ့.. အခန်းထဲက တစ်ယောက်တည်း အထီးကျန်ပြီး စောင့်ရတာ ကောင်းတဲ့ အားလပ်ရက်မဟုတ်ဘူးဆိုတာသိပါတယ်.. မငိုနဲ့ အဖေ ဖက်ထားပေးမယ်.."
YOU ARE READING
ဖောက်ပြန်သွားသောEXဖြစ်သူနှင့်လမ်းခွဲပြီးနောက်EXအကြောက်ဆုံးဦးလေးဖြစ်သူနှင့်ကိုယ်
Romance-no official profile photo -no mine -All crd လင်းကျိုး သည် သူ၏ချစ်သူသည် တစ်ခြားသူနှင့် စေ့စပ်ထားသည်ကို သိပြီးနောက် ထိုလူယုတ်မာကို ပြတ်ပြတ်သားသား လမ်းခွဲလိုက်လေသည်။ ရလဒ်အနေနဲ့ လမ်းခွဲပြီး ရက်အနည်းငယ်အတွင်းမှာပဲ သူ့ဟာ ဖုမင်ရှန်ဆိုတဲ့နဲ့ တွေ့ခဲ့သည်။ လင...