လင်းကျိုးက ဖုန်းကို တိတ်တဆိတ် ဖယ်ထားလိုက်သည်။
သူမှတ်မိလိုက်တာက ဟွာဂျင်း Group ၏ ဥက္ကဌ သည် ဂျီလင်း ၏ စေ့စပ် ထားသူ လင်းနာနာ ၏ ဖခင် ဖြစ်သည်။ လင်းနာနာ က သူ့ရဲ့ မွေးနေ့ပွဲကို ကျင်းပဖို့ နိုင်ငံခြားကနေ ပြန်လာခဲ့တယ်လို့ ကြားတယ်..
ဒီမနက် သူ့ကိုတွေ့ဖို့ အချိန်မအားပဲနဲ့ ဂျီလင်း က ထပ်မတွေ့တော့ဘူးဆိုပြီးပင် ပြောခဲ့သေးသည်။ လင်းကျိုး လှောင်ပြောင်ရယ်မောလိုက်မိသည်..
စားပွဲထိုးက နွားနို့ပူပူနဲ့ အချိုပွဲမုန့်တွေ ယူလာသည်.. မုန့်တွေကို ယူလာဖို့ ဖုမင်ရှန် က ခိုင်းခဲ့တာထင်တယ်.. စားပွဲတွင် နူးညံ့သိမ်မွေ့သော မုန့် အမျိုးမျိုးဖြင့် ပြည့်နှက်နေပြီး မွှေးရနံ့များသင်းပျံ့ကာ စားချင်စိတ်ကိုနိုးဆွလာသည်..
လင်းကျိုး က ပိုင်ရှင်မလာခင် အရင်စားရလောက်အောင် ရိုင်းစိုင်းလွန်းသည့်လူမဟုတ်။ နွားနို့ပူပူကို တစ်ငုံလောက်သာ သောက်လိုက်ပြီး မသက်မသာ မျက်မှောင်ကြုတ်လိုက်မိသည်။
ဖူး...သူတကယ်နွားနို့မကြိုက်ပေ..
ဖုမင်ရှန် က ဖုန်းပြောပြီနောက် ပြန်ဝင်လာတဲအခါ လင်းကျိုး က စိတ်အခြေအနေ မကောင်းဘူးလို့ ခံစားလိုက်ရတယ်။
တကယ်တော့ ဖုမင်ရှန် သည် ပျော်ရွှင်ခြင်း နှင့် ဒေါသ နှစ်မျိုးလုံး မဖော်ပြတက်သော လူတစ်ယောက်ဖြစ်သည်။ သူ့မျက်နှာပေါ်က အမူအရာက အမြဲတမ်း နူးညံ့ သိမ်မွေ့တယ်။ ဒေါသဖြစ်လျှင်တောင် မျက်နှာမနီဘဲ လည်ပင်းကျောတွေသာ ထောင်နေတက်သည်။ တခြားသူတွေကတော့ သူ့မျက်နှာအမူအရာကနေ သူ့စိတ်ခံစားချက် ကို မဆုံးဖြတ်နိုင်ပါဘူး။ဒါပေမယ့် လင်းကျိုး ရဲ့ စိတ်ခံစားချက်တွေကသိမ်မွေ့လွန်းတယ်။ ဖုမင်ရှန် သည် ဆောင်းရာသီတွင် မီးငြိမ်းသွားသလို ခံစားလိုက်ရပြီး သူ့ တစ်ကိုယ်လုံး အေးစက်မူများ ရစ်ပတ်နေလေသည်။
"အလုပ်များနေတာလားဗျ.."
လင်းကျိုး က ဒါကို စဉ်းစားပြီးမှ မေးလိုက်တာပါ။ မွေးနေ့ပွဲကို သွားမယ်ဆိုရင် အခုပဲသွားသင့်နေပြီ။
"ဒီနေ့အတွက် ကိုယ့်မှာ ဘာအစီအစဉ်မှ မရှိပါဘူး"
YOU ARE READING
ဖောက်ပြန်သွားသောEXဖြစ်သူနှင့်လမ်းခွဲပြီးနောက်EXအကြောက်ဆုံးဦးလေးဖြစ်သူနှင့်ကိုယ်
Romance-no official profile photo -no mine -All crd လင်းကျိုး သည် သူ၏ချစ်သူသည် တစ်ခြားသူနှင့် စေ့စပ်ထားသည်ကို သိပြီးနောက် ထိုလူယုတ်မာကို ပြတ်ပြတ်သားသား လမ်းခွဲလိုက်လေသည်။ ရလဒ်အနေနဲ့ လမ်းခွဲပြီး ရက်အနည်းငယ်အတွင်းမှာပဲ သူ့ဟာ ဖုမင်ရှန်ဆိုတဲ့နဲ့ တွေ့ခဲ့သည်။ လင...