ရှန်းဂိုဏ် ၏ အခန်းတစ်ခုတွင် လူငယ်လေးတစ်ယောက် တပျဉ်ခွေ ထိုင်တာ ဝိညာဉ်ချီများကိုစုနေသည်။
သူ့ဘေးပတ်ဝန်းကျင်၌ ထက်ရှတဲ့ သလင်းပြာရောင် ဝိညာဉ်ချီ များကလှည့်ပတ်နေသည်။
တစ်ခဏအကြာတွင် ထို လူငယ်လေးက မျက်လုံးများပွင့်လာခဲ့တယ်။
ရှန်းဝူချင်းမျက်လုံးဖွင့်လိုက်သည် နှင့် အရင်ဘဝက ကျင့်ကြံခြက်းဇာတ်လမ်းတွဲတွေထဲက အတိုင်း ပြင်ဆင်ထားတဲ့ အခန်းတစ်ခုကို မြင်တွေ့နေရတယ်။
အခန်းကို အမြင်ရှင်းစေတဲ့ သလင်းပြာရောင် ဖြင့် စီရင် ချယ်သထားခဲ့သည်။
"ဒင်....
ဆွဲငင်အားစနစ် စတင်အသက်ဝင်ပါပြီ""မင်းက ရှင်းပြစနစ်မဟုတ်ဘူးလား"
"မဟုတ်ပါဘူး နယ်မြေမှာက စနစ်ရှင်နာမလည်တာကို စနစ်က ဖြေပေးရုံတင်ပါ"
"ဒါဆို ခုလက်ရှိ ဆွဲငင်အားစနစ်က ဘာတွေ လုပ်နိုင်လည်း"
"ဆွဲငင်အားစနစ်ဟာ စနစ်ရှင်ကို အလွန်ထူးရှားတဲ့ ဆွဲဆောင်မှုတစ်ခုအပြင် တုန်းရွှမ်း ကမ္ဘာမှာရှိတဲ့ အကောင်းဆုံးအရာ(သက်ရှိ/သက်မဲ့)မှန်သမျှ စနစ်ရှင်ဆီရောက်လညမှာပါ"
"စနစ်ရှင်က ထိုင်နေရင်တောင် အကောင်းဆုံးမှန်သမျှက စနစ်ရှင်ဆီကို အလိုလို ရောက်ရှိလာပါလိမ့်မယ်"
"မိုက်လိုက်တဲ့ စနစ်ပါလား"
တုန်းရွှမ်းကမ္ဘာက အကောင်းဆုံးမှန်သမျှ သူရပါက အလွန်ကို အစွမ်းထက်တဲ့ အမတ ကျင့်ကြံသူဖြစ်လာပါလိမ့်မယ်။
"စနစ်စတင်သူအနေဖြင့် စတင်သူ လက်ဆောင် မကြာခင်ရောက်ရှိလာပါလိမ့်မယ် "
"ဟေ့..ဟေ့ ဘယ်အခါရောက်လာမှလည်း
ဟေ့ ပြောခဲ့ဦးဟ"စနစ်က ပြောပြီးသည်နှင့် အသံပြတ်သွားသည်။ဘယ်လောက်ခေါ်ခေါ် ခေါ်မရတော့ပေ။
ရှန်းဝူချင်းလည်း ထိုင်နေရာမှ ထကာ အခန်းကိုသေချာလေ့လာကြည့်ပေမယ့် ဘာမှသိပ်မရှိပေ။ အခန်းထဲ၌ ကုတင်တစ်လုံး စားပွဲခုံတစ်ခုနဲ့ ထိုင်ခုံတစ်ခု ရေချိုးခန်းတစ်ခု သာရှိသည်။
![](https://img.wattpad.com/cover/364993306-288-k456110.jpg)
YOU ARE READING
ဗီလိန်လမ်းကြောင်းမှ လွတ်မြောက်ရန်နည်းလမ်း
Phiêu lưuရှန်းဝူချင်း ၏ ဗီလိန်လမ်းကြောင်းမှ လွတ်မြောက်ရန်ကြိုးစားရင်း သူ၏ ဇနီးလေးများ ရရှိပုံ Title _ 逃离恶人道路的方法