ရှန်းဝူချင်း တောင်ပေါ်ရောက်တာ ရက်အတော်ကြာနေပြီဖြစါသည်။ သူ့ရဲ့ လှပလှတဲ့ ဆရာသခင်ကိုလည်း မတွေ့ရတာတော်တော်ကြာပြီ။
တောင်ပေါ်မှာနေလည်းသူက လုပ်စရာမရှိဖြစ်နေရာ ရှိတဲ့ သိုင်းတွေကိုသာ လေ့ကျင့်နေရတော့သည်။
"ဒင် ဂိုဏ်းအပြင်က ယီဟွားမြို့ကို သွားပါ"
"အမ် ယီဟွား မြို့ကို ဘာသွားလုပ်ရမှာလည်း"
"ဒင် ကွင်းဆက်တာဝန်ဖြစ်လို့ တာဝန်တစ်ခုလုံပြီးရင် ဆုလာဒ်ဆောင်တွေရနိုင်မှာဖြစ်ပါတယ်"
"အာ..ကွင်းဆက်တာဝန်လား"
သူနဲ့စနစ်က ပေါင်းစပ်တာမကြာသေးဘူးဆိုပေမယ့် ဒီတလောအတွင်း ကွင်းဆက်တာဝန်ကိုမကြားဖူးပေ။ အခုမှ ထွက်ပေါ်လာတဲ့တာဝန်က တော်တော်လေးထူးဆန်းနေမှာသေချာလေသည်။
"ဟုတ်ပါတယ် ကွင်းဆက်တာဝန်ပါ
တာဝန်နံပါတ်၁-ဂိုဏ်းတာဝန်ခန်းမမှာ ယီဟွားမြို့တာဝန်ကိုလက်ခံယူပါ
တာဝန်နံပါတ်၂-မသိရသေး
တာဝန်နံပါတ်၃-မသိရသေး
........"
ဇယားကိုကြည့်လိုက်တော့ နံပါတ်က ဆယ်ဂဏာန်းလောက်ရှိသည့် တာဝန်များကိုမြင်လိုက်ရလေသည်။ နံပါတ်၁က လွဲလျှင်ကျန်တာများက မပေါ်သေးတာကြောင့် နောက်တာဝန်များကတော့သိရှိနိုင်ခြင်းမရှိပေ။
"ဟားး ကောင်းတာပေါ့ ငါလည်းပျင်းနေနာကြာပြီဆိုတော့ တာဝန်ခန်းမကိုသွားပြီး တာဝန်လက်ခံရမှာပေါ့"
ဂိုဏ်းရဲ့တာဝန်ခံမက ဂိုဏ်းကဆုအမှတ် တွေပေးတဲ့ နည်းလမ်းတစ်မျိုးဖြစ်လေသည်
ထိုခန်းမက ရှန်းဂိုဏ်းလက်အောက်က သေမျိုးလူသားမြို့တွေအပြင် မသေမျိုး ကျင့်ကြံသူတွေနေတဲ့ မြို့တွေအထိကနေ သက်ဆိုင်ရာ လုပ်ငန်းတစ်ခုစီကို ဂိုဏ်းက ဂိုဏ်းသားတွေအတွက် ဆုအမှတ်တွေရအောင်ပြင်ဆင်ပေးထားတာ ဖြစ်လေသည်
။ဆုအမှတ် တွေကေတာ့ ကျင့်ကြံခြင်းအရင်းအမြစ် တွေ၊ ဆေးလုံးတွေ ၊လက်နက် တွေကို လဲလှယ်လို့ရ အောင် အသုံးပြုလေသည်။နာမည်ကြီး ဂိုဏ်းတစ်ဂိုဏ်းဖြစ်တာကြောင့် ရှန်းဂိုဏ်းရဲ့ အရင်းအမြစ်က သာမန်မဟုတ်ပေ။ထို့ကြေယင့်လည်း ဇာတ်လိုက်က ရှန်းဂိုဏ်းကိုရောက်လာခြင်းဖြစ်သည်။ ရှန်းဂိုဏ်းက အလွန်တရာ ရှေးကျတဲ့ ဂိုဏ်းတစ်ဂိုဏ်းဖြစ်တာနဲ့အညီ လျှို့ဝှက်ချက်တွေလည်းများစွာရှိလေသည်။

YOU ARE READING
ဗီလိန်လမ်းကြောင်းမှ လွတ်မြောက်ရန်နည်းလမ်း
Adventureရှန်းဝူချင်း ၏ ဗီလိန်လမ်းကြောင်းမှ လွတ်မြောက်ရန်ကြိုးစားရင်း သူ၏ ဇနီးလေးများ ရရှိပုံ Title _ 逃离恶人道路的方法