အပိုင်း(၈)"နတ်ဆိုး အရိုးဂိုဏ်း"

170 16 1
                                    

မြို့စားအိမ်ကိုသိပ်မရှာလိုက်ရပေ။ သားသားနားနားဖြင့် ခမ်းနားနေတဲ့ ခြံဝန်းကျယ်တစ်ခုရှေ့ကိုရောက်တာနဲ့ ဒါက မြို့စားမင်းအိမ်မှန်းသိလေသည်။

အိမ်တော်ရှေ့ဝင်ပေါက်က အစောင့်နှစ်ယောက်က သူတို့ကိုင်ထားတဲ့ လှံရှည်နှစ်ချောင်းကို ကြက်ခြေခတ်ပုံကပ်လိုက်လေသည်။

"မင်းက ဘယ်သူလည်း။ ဒါကမြို့စားမင်းအိမ်တော် အခွင့်မရှိရင် မဝင်ရဘူး"

"ကျွန်တော်က ရှန်းဂိုဏ်ကပါ။ ဂိုဏ်းတာဝန်တွေ့လို့လာ ပြီးစုံစမ်းတာ"

ရှန်းဝူချင်းကပြောလည်းပြောရင်း သူ့ရဲ့ ဂိုဏ်းသားတံဆိပ်ကိုပြလိုက်လေသည်။
ထိုအခါမှ ထိုအစောင့်တွေက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး

"ခဏစောင့် ငါတို့ မြို့စားမင်းကို အကြောင်းကြားပေးမယ်"

ပြောရင်းဖြင့် တစ်ယောက်က အထဲကိုဝင်သွားလေသည်။ သိပ်မကြာလိုက်ပေ ထိုလူကပြန်ရောက်လာလေသည်။

"မြို့စားမင်းက ဝင်ခွင့်ပြုလိုက်တယ်"

ရှန်းဝူချင်းလည်း ခေါင်းသာတစ်ချက် ငြိမ့်လိုက်ပြီး အတွင်းထဲကိုဝင်ဘာလိုက်လေသည်။ မြို့စား အိမ်တော်က ကျယ်ဝန်းကာ
ဥယျာဉ် ခြံမြေတွေနဲ့ လေထုက မွှေးပျံ့လိုနေသည်။

ခြံဝင်းထဲကို မျက်လုံးတစ်ချက်ဝေ့ကာကြည့်လိုက်ပြီး မကြာခင်ပင် အစေခံကောင်လေး တစ်ယောက်က ရောက်လာလေသည်။

"ဒီက သခင်လေး ကျွန်တော်နဲ့လိုက်ခဲ့ပါ။ ကျွန်တော် သခင်ကြီးဆီခေါ်သွားပေးပါ့မယ်။"

"လမ်းပြပါ"

အစေခံနောက်ကိုလိုက်ရင်းဖြင့် အဆောင်တစ်ခုကိုရောက်လာလေသည်။

"သခင်ကြီး သခင်လေးရောက်ပါပြီ"

အဆောင်အတွင်းက ခဏအကြာမှပြန်လည်တုန့်ပြန်လေသည်။

"ဝင်ခိုင်းလိုက်"

ထိုအသံက ဩဇာအာဏာပြည့်ဝတဲ့သက်လတ်ပိုင်းလူကြီးတစ်ယောက် အသံပင်။

ရှန်းဝူချင်းလည်း အဆောင်တံခါးကိုဖွင့်ကာဝင်သွားလိုက်လေသည်။ အဆောင်ထဲဝင်ဝင်ချင်းတွေ့လိုက်ရတာက စုတ်တံဖြင့် စက္ကူပေါ်တွင် စာလုံးအချို့ရေးနေတဲ့ သတ်လတ်ပိုင်း အရွယ် လူတစ်ယောက်ကိုတွေ့လိုက်ရလေသည်။ထိုလူ့တစ်ကိုယ်လုံးကအားမာန်တွေအပြည့်ဖြစ်နေလေသည်။

ဗီလိန်လမ်းကြောင်းမှ လွတ်မြောက်ရန်နည်းလမ်းWhere stories live. Discover now