🩷5🩷

841 44 4
                                    

🎶 မင်းသိမလားတော့မသိ..
🎶 ငါအမြဲတမ်းအရိပ်တစ်ကြည့်ကြည့်..
🎶 မင်းရဲ့အနားမှာ အမြဲတမ်းရှိချင်တာ...

vita တစ်ယောက် ရှိုင်းနဲ့လည်ရမဲ့နေ့လေးဆိုတော့ သီချင်းလေးတစ်ညည်းညည်းနဲ့ ပြင်ဆင်နေလေရဲ့...

🎶နင်အမြဲငါ့အတွက်ကလေးပါပဲ..
🎶ဘာကြောင့်ဒီလောက်တောင်ချစ်မိသွားလဲ

"vita min.. vita min.. ငါတော့ဆေးမမှီတော့ဘူးထင်တယ်..
ရှိုင်းရယ်..စိုးမိုးလွန်းတယ် မထင်ဘူးလား"

🎶မင်းနဲ့ကျမှ အချစ်ကို အယုံအကြည်ရှိလာတယ်..
🎶မင်းနဲ့ကျမှ အပြုံးတွေပြန်ချိုတယ်..
🎶ဒီကမ္ဘာကြီးပျက်လို့ပဲ..နောက်ကမ္ဘာတွေရှိသေးလည်း..ချစ်သူရယ်..အခါခါထပ်ပြီးချစ်နေမယ်..

"အံမယ်..ချစ်နေမယ်ဆိုပါလား vita..ဘယ်သူ့ကိုလဲ"

"ရှိုင်း..ဘယ်တုန်းကတည်းကရောက်နေတာလဲ"

"ခုနလေးကမှပါ..ပြောအုံး..ဘယ်သူ့ကိုလဲလို့"

"ဒီလိုပါပဲ.."

"ဘာကြီးလဲ..ရှိုင်းသိတဲ့သူလား"

"အင်း..ရှိုင်း သူ့ကိုကောင်းကောင်းသိတယ်"

vita ဆီက ချစ်ရတဲ့သူရှိ‌နေတာကို သိလိုက်ရတော့ ရှိုင်းရင်ထဲ အမျိုးအမည်မသိတဲ့ တင်းကျပ်မှုကို ခံစားလိုက်ရတယ်..

ပီးတော့ သူသဘောကျ‌နေတဲ့သူက..ရှိုင်းအသိထဲကတဲ့..ဘယ်သူများပါလိမ့်..

ဘယ်သူပဲဖြစ်ဖြစ် vitaအချစ်ကိုရတဲ့သူက အရမ်းကံကောင်းတာပဲ..သူသဘောကျနေတဲ့သူ မဟုတ်တဲ့ ရှိုင်းကိုတောင် ဒီလောက်ဂရုစိုက်တာ..သူချစ်တဲ့သူဆို..ပိုရောပေါ့..

"ရှိုင်း..ဘာလို့..ကျွန်တော့်ကိုစိုက်ကြည့်‌နေတာလဲ..မျက်နှာမှာ တစ်ခုခုပေနေလို့လား"

"မပေပါဘူး..ရှိုင်းတွေးနေတာ..vita အချစ်ကိုရတဲ့သူက..ကံကောင်းတာပဲလို့လေ"

"ဘာလို့အဲ့လိုထင်တာလဲ"

"vitaက..ရည်းစားမဟုတ်တဲ့ ရှိုင်းကိုတောင် စိတ်ချမ်းသာအောင် ဂရုစိုက်တာ..ချစ်ရတဲ့သူဆို..ပိုလို့တောင် ဂရုစိုက်မှာပေါ့..မဟုတ်ဘူးလား"

"ရှိုင်းက တစ်ကယ်ပဲ အဲ့လိုထင်တာလား"

"အင်းလေ.."

You + Me = LOVE (Completed)Where stories live. Discover now