🩷8🩷

904 48 10
                                    

"ရှိုင်း..ရှိုင်းရေ"

"ဗီတာရယ်..မနက်မိုးလင်းကတည်းက ဇော်ရှိုင်းထက်ကိုရှာနေတာပဲ"

"အဲ့ဒါထားပါမိဘရဲ့..သူအခုဘယ်မှာလဲ"

"ရတုနဲ့ရိုက်ဖို့ရှိလို့..ဒါဒါကြီးနဲ့..ဖောင်တော်ဦးဘက်ကို ထွက်သွားတယ်လေ"

"ဟာ..ကျွန်တော့်ကို ဘာလို့ခေါ်မသွားတာလဲ"

"ဟော်..နိုးတောင်မနိုးဘဲနဲ့..ရှိုင်းလေးကနှိုးသေးတယ်လေ"

"ကျွန်တော်မသိလိုက်ပါဘူး"

"ကဲ..ငါ့ကို ရစ်မနေစမ်းပါနဲ့ ဗီတာမင်းရယ်..လာပါလိမ့်မယ်"

"မသိဘူးဗျာ..စိတ်မချပါဘူးဆိုမှ"

"ရှိုင်းလေးက..ကလေးလား"

"ကလေးမဟုတ်လို့ပေါ့ မိဘရဲ့.."

"နင့်မလဲနော်..အူတိုချက်က ကြာရင် ကျန်တော့မှာတောင်မဟုတ်ဘူး"

ကျွန်တော့်ရင်ထဲကို..လာကြည့်လှည့်ပါဗျာ..
ရတုရဲ့ရှိုင်းကိုကြည့်နေတဲ့..အကြည့်တွေက..မရိုးသားဘူးဆိုတာ..ကျွန်တော်ပြောရဲတယ်...

အဲ့လိုသူနဲ့..ရှိုင်းနဲ့နှစ်ယောက်တည်းအတူတူရှိခွင့်မပေးနိုင်ဘူး..ကဲတယ်ပဲပြောပြော သဲတယ်ပဲပြောပြော..ကိုယ့်ဝေဒနာကိုယ်ပဲသိတယ်..

ရှိုင်းရယ်..ကျွန်တော်ခင်ဗျားလေးကို..ဘယ်သူ့မှမမြင်နိုင်တဲ့နေရာမှာဖွက်ထားချင်လိုက်တာ..

>>>>

"မိဘ..‌ဗီတာရော"

"လာပြန်ပြီ..တစ်ယောက်ကလည်း..နိုးနိုးချင်းလာရှာတယ်..တစ်ယောက်ကလည်း..အပြင်ကပြန်‌ရောက်ရောက်ချင်း..မနားနိုင်ဘဲတန်းရှာတယ်..

နင်တို့အဲ့လောက်မခွဲနိုင်ရင်လည်း..ကော်နဲ့ကပ်ထားကြပါလား.."

"မိဘကလည်း.."

"သွား..သူ့အခန်းထဲမှာ..နင့်ကိုကောက်တော်မူနေတယ်"

"သားကို?"

"ဟုတ်ပါ့..သူ့ကိုခေါ်မသွားလို့တဲ့"

"သား..သွားလိုက်အုံးမယ်"

"ကြွကြွ"

>>>>

You + Me = LOVE (Completed)Where stories live. Discover now