Uni
__________________________________________
"သားငယ်..မနက်ဖြန်မင်းဦးဆက်ပြန်လာတော့မှာတဲ့။အဲ့တာ မနက်ဖြန်အိမ်မှာရှိနေရမယ်နော်!မင်း ဦးဆက်ကလည်းမေးနေတယ်သားငယ်"အမေဖြစ်သူအပြောကြောင့်ညစာစားနေသည့်မင်းဗဟိုလ်လက်တို့တုန့်ဆိုင်းသွားလေသည်။
"ဦးဆက်ကပြန်လာဖို့လေးနှစ်လောက်လိုအုံးမှာဆို။အခုကချက်ချင်းကြီးပါလား"
မင်းဗဟိုလ် မေးတော့အမေဖြစ်သူဒေါ်ခိုင်စံပယ်နဲ့အဖွားဖြစ်သူဒေါ်ခိုင်သီတာတို့ကပြုံးလေသည်။
"ဟုတ်တယ်သားရဲ့!မင်း ဦးဆက်ကလူပျိုကြီးဖြစ်နေပြီလေကွယ်။အဲ့တာသူ့ကိုမင်းအဖွားကမိန်းကလေးရှာပေးတော့မလို့တဲ့"
အမေဖြစ်သူစကားကြောင့် မင်းဗဟိုလ်တစ်ယောက်
ဇွန်းခရင်းကိုင်ထားသည့်လက်တို့မှာတင်းကျပ်သွားမိ၏။"အော်...အဲ့တော့ဦးဆက်ကကောယူမယ်တဲ့ပေါ့"
"အော်..သားငယ်ရယ် မင်းဦးဆက်ကသ်ိတဲ့တိုင်းမင်းအဖွားစိတ်ကျေနပ်ရင်ပြီးရောဆိုတဲ့လူစားမျိုးလေကွယ်။ ကဲပါ သားမနက်ဖြန်ဘယ်မှမသွားပဲအိမ်မှာရှိနေလိုက်"
မင်းဗဟိုလ် ဘာမှမတုန့်ပြန်မိပေ။ ပြေပြစ်လွန်းလှသည့်မျက်နှာချောချောကစိတ်ရှုပ်နေသည်ကိုဖော်ပြနေ၏။
ဦးဆက်...!ခင်ဗျားကဘယ်လိုတောင်လား။မိန််းမယူဖို့အတွက်ပြန်လာတယ်ပေါ့ မိန်းမယူမယ်ပေါ့။မဖြစ်နိုင်ဘူး ခင်ဗျားဘယ်တော့မှမိန်းမမယူရဘူးဦးဆက်။
~~~~~~~
လေဆိပ်ထဲမှထွက်လာတာနဲ့ဆက်မင်းပိုင်နှုတ်ခမ်းဖျားတို့မှကွေးညွတ်နေအောင်ပြုံးရိပ်သန်းနေမိတော့လေသည်။"ဟေ့..!ဆက်"
ဘေးတိုက်မှကိုယ့်နာမည်ကိုခေါ်သံကြောင့်လှည့်ကြည့်မိတော့ မိသားစုဝင်အလားခင်ရချစ်ရတဲ့
ဖြိုးဝေနိုင်ဖြစ်နေလေသည်။"ဖြိုးဝေ"
"ဆက်..!"
ဖြိုးဝေဟာအနားရောက်တာနဲ့ဆက်မင်းပိုင်ဆွဲဖက်ကာနှုတ်ဆက်လေသည်။
ဆက်ကဖြိုးဝေကျောကိုပြန်ပုတ်ရင်းမှ။"အပြင်မှာပိုခန့်ပြီးချောနေတယ်ဖြိုးဝေ"
ဆက် စကားကြောင့်ဖြိုးဝေကဖက်ထားရာမှလွှတ်လိုက်ရင်း ဆက်ကိုသေသေချာချာကြည့်၏။
YOU ARE READING
The Property Of The King
Lãng mạnမထင်ထားတဲ့အရာတွေဖြစ်တတ်တဲ့လောကကြီးမှာ မထင်ထားတဲ့သူဆီကပဲမထင်ထားတဲ့အရာတွေသိလိုက်ရခံလိုက်ရတယ်။