part-3

761 10 2
                                    

Uni
___________________________________________
"​မမကြီး..!ကျတော် ​အပြင်ခဏသွားအုံးမယ်။ဖြိုးဝေနဲ့နေ့လည်စာစားဖို့ချိန်းထားတာကြောင့်"

"သွားလေဆက်ရဲ့! မမဒီမှာရှိနေတာပဲ"

ဆက် မမကြီးကိုပြုံးပြကာခေါင်းငြိမ့်ပြလိုက်၏။မမကြီးကိုနှုတ်ဆက်ပြီးတာနဲ့ဟိုတယ်ကနေထွက်လာခဲ့ပြီး ဖြိုးဝေဆေးခန်းရှိရာကိုထွက်လာခဲ့လိုက်လေသည်။

"လေးမောင်..!ကျတော့်ကိုလေးဆယ့်သုံးလမ်းထဲကအေးရိပ်ငြိမ်ဆေးခန်းကိုလိုက်ပို့ပေးပါအုံးဗျ"

"အေးအေး.."

လေးမောင်ဆိုသည်မှာကမမကြီးအမျိုးသားကားကိုဆယ်စုနှစ်မကမောင်းလာပေးသည့်သူဖြစ်၏။အကိုကြီးဆုံးပြီးနောက်မမကြီးရဲ့ပင်တိုင်စံကားမောင်းသူဖြစ်ခဲ့လေသည်။ ဆက်လည်းဒီမှာနဲ့အလှမ်းကွာတာကြာနေပြီဖြစ်တာကြောင့်ဒီနိုင်ငံရဲ့လမ်းကြောအခြေနေတွေမသိလို့ကားကိုကိူယ်တိုင်မမောင်းသေးပေ။
ဒါကြောင့်မမကသိလို့လေးမောင်ကိုဆက်လိုရာသုံးဖို့ခေါ်ခွင့်ပေးထားပြီး မမကတော့သူကိုယ်တိုင်သာနောက်တစ်စီးဖြင့်မောင်းလေ့ရှိ၏။

မမကြီးအလုပ်တွေမှာဝင်လေ့လာကူညီပေးနေတာကြောင့် ပြန်ရောက်ကထဲကဖြိုးဝေနဲ့အေးအေးဆေးဆေးမတွေ့ရသေးပေ။ မနက်ဖြန်လည်းမမကြီးနဲ့အတူမြိတ်ကိုခဏလိုက်သွားရအုံးမှာကြောင့်ဒီနေ့တော့ဖြိုးဝေနဲ့နေ့လည်စာစားဖို့ဆက်ဘက်ကနေချိန်းထားလိုက်ခြင်းဖြစ်၏။

"ဆရာရှင့်..ဘယ်ဆရာနဲ့တွေ့ချင်လို့ပါလဲရှင့်!bookingတင်ထားပြီးသားပါလားရှင့်"

ဆေးခန်းထဲဝင်ပြီးပြီးချင်းပဲအကြိုစောင့်နေသည့်nursesများရဲ့အပြောကိုဆက်ခေါင်းရမ်းပြလိုက်ရင်း...။

"ကိုယ် ဖြိုးဝေဆီလာတာပါ။ဆက်မင်းပိုင်ရောက်နေကြောင်းတစ်ချက်ပြောပေးပါ"

"အာ..ဟုတ်ကဲ့ "

nursesနှစ်ယောက်ထဲမှတစ်ယောက်က ဘယ်ဘက်လမ်းချိုးကွေ့ဘက်ကိုဝင်သွားလေသည်။ဆေးခန်းလို့ပြောပေမဲ့ ဖြိုးဝေကသူ့အပြင်အထွေထွေဆရာဝန်များစွာကိုပါငှားရမ်းချိတ်ဆက်ထားသည်ကြောင့်ဒီဆေးခန်းမှာ ဖြိုးဝေကဆေးရုံအုပ်လိုပင်ဖြစ်နေတာတော့သိ၏။

The Property Of The King Where stories live. Discover now