part-7

813 20 4
                                    

Uni
_________________________________________
"ထားထား မနက်ကထဲကဗဟိုလ်အိမ်ကိုတစ်ခေါက်တောင်ပြန်မရောက်သေးတာလား"

ဆက် ခြံထဲဆင်းလာရင်းမှ အပင်ရေလောင်းနေသူတားတားကိုတွေ့တာကြောင့်မေးလိုက်​​လေသည်။

"ဟုတ်အကိုလေးဆက်!အကိုလေးဗဟိုလ်မနက်ထဲကပြန်မရောက်သေးဘူး"

ဆက် ခေါင်းငြိမ့်ပြခဲ့ပြီး ခြံထဲဟိုဟိုဒီဒီလျှောက်ကြည့်ရင်းစောင့်ကြည့်နေခဲ့လိုက်လေသည်။
မမကြီးပြန်လာသည်ထိတောင်ဗဟိုလ်ပြန်မလာ
တာ​ကြောင့် ဆက်သူရှိနိုင်မည့်သူclubကိုကိုယ်တိုင်ကားမောင်းကာထွက်လာခဲ့လိုက်လေသည်။

ဗဟိုလ်နဲ့သင့်တော်မည့်သူတဲ့။ကိုယ်ဘယ်ကသွားရှာရပါ့မလဲ မဟုတ်ဘူး ရှာတွေ့ရင်တောင်ဗဟိုလ်အကြိုက်မဟုတ်ရင် အဲ့တာလည်းမဟုတ်သေးဘူး ကိုယ်ကသာအမေတို့မမကြိီးတို့စီစဥ်သလိုနေနိုင်ပေမဲ့ ဗဟိုလ်ကတော့လုံးဝလက်ခံမှာမဟုတ်ဘူးမလား။

သူ့လိုတဇွတ်ထိုးတဇောက်ကန်းလေးက သူ့စိတ်ကြိုက်မဟုတ်တဲ့သူကိုလက်ခံမတဲ့လား။

clubရောက်တာနဲ့ကားပါကင်ထိုးပြီးအထဲကိုဝင်ခွင့်ကဒ်ယူ၍ဝင်လာခဲ့လိုက်လေသည်။
အဝင်ဝတုန်းက ဆူညံသံတွေကိုနားထောင်နိုင်သေးပေမဲ့အတွင်းဘက်ရောက်လေ တဝုန်းဝုန်းတဒိုင်းဒိုင်းနဲ့ကျယ်လောင်လှသည့်သံစဥ်တွေ လူရိပ်လူခြေအများကြီးကြောင့် နားကိုပိတ်ထားမိရင်းဗဟိုလ်ကိုတွေ့လို့တွေ့ငြားအရင်ရှာကြည့်မိပါသည်။

မတွေ့သည့်အဆုံး ဝန်ထမ်းတစ်ယောက်ကိုလက်တို့ပြီး နားနားကပ်၍ဗဟိုလ်ကိုတွေ့ချင်ကြောင်းနဲ့ ဆက်မင်းပိုင်လို့ပြောပေးပါဆိုတဲ့ကြောင်းပြောလိုက်လေတော့ ထိုဝန်ထမ်းကခေါင်းငြိမ့်ပြပြီးအပေါ်ထပ်ဘက်ဆီတက်သွားခဲ့လေသည်။

ဗဟိုလ်clubကိုတခါမှမရောက်ဖူးတာကြောင့် စောင့်ရင်းနဲ့ပဲ ကော့တေးအပျော့စားတစ်ခွက်မှာပြီးစောင့်နေလိုက်လေသည်။ကနေခုန်နေ သောင်နေစားနေကျသူတွေကိုကြည့်တာနဲ့
တကယ့် ဒိတ်ဒိတ်ကျဲသူတွေလာကျတာသိသာလွန်းလေသည်။

ဒီလိုနေရာတွေလာနေကျမဟုတ်တဲ့သူဖြစ်တာကြောင့် ကြည့်ရင်းကြည့်ရင်းခေါင်းတွေမူးလာတာကြောင့်လက်နှစ်ဖက်ဖြင့်နားကိုပိတ်ထားရင်းခေါင်းငိုက်စိုက်ချထားမိလိုက်လေသည်။

The Property Of The King Where stories live. Discover now