Uni
___________________________________________
စားပွဲခုံပေါ်တင်ထားသည့်ဖုန်းမြည်သံကြောင့် ဆက်ရေချိုးခန်းထဲကအမြန်ထွက်လာပြီးကိုင်လိုက်လေသည်။"ဆက်..!ခဏနေဗဟိုလ်ကိုခေါ်ပြီးအောက်ဆင်းခဲ့တော့ ရေကျချိန်သွားမှအဆင်ပြေမယ်ကြောင့်"
"အာ..ဟုတ်ကဲ့မမကြီး။ကျတော်တို့ခဏနေဆင်းခဲ့လိုက်ပါမယ်ဗျ"
မမကြီးဆီကဖုန်းကျသွားတာနဲ့ရေချိုးခန်းထဲပြန်ဝင်ပြီးရေပြန်ချိုးဖို့ပြင်ရလေသည်။
အိပ်ယာပေါ်မှလူဆီတစ်ချက်ကြည့်ခဲ့လိုက်တော့ အိပ်မောကျနေဆဲပဲမလို့မနှိုးသေးပဲရေအရင်သာချိုးလိုက်၏။"ရေချိုးနေတာလား! တံခါးဖွင့်အုံး"
"ဟမ်..!
အပြင်မှတံခါးခေါက်သံကြောင့်ရေချိုးလက်စနဲ့ဆက်မှာကြောင်တောင်တောင်ရယ်။
အောက်ပိုင်းကိုသဘက်ဖြင့်ပတ်လိုက်ပြီး အခန်းတံခါးဖွင့်လိုက်တော့ ဆက်ကိုကြည့်နေသည့်မျက်ဝန်းတွေကမှုံကုတ်ကုတ်ရယ်။"နိုးပြီလားဗဟိုလ်။ရေချိုးမလို့လား ကိုယ်ချိုးနေတာကြောင့်ခဏလေးပဲစောင့်ပေးနော်"
"အတူချိုးမယ်"
"ဟမ်..ဘယ်လို"
ဆက် စကားမဆုံးခင်မှာပဲဆက်ကိုယ်လုံးကိုအတင်းနောက်ဆုတ်ခိုင်းပြီးရေချိုးခန်းထဲဝင်လာသူကြောင့် ကိုယ့်မှာကြောင်တောင်တောင်ရယ်။
"ဗဟိုလ် ပြီးမှချိုးလေ။ကိုယ်တစ်ယောက်ထဲပဲချိုးချင်တယ်""
"ကြာတယ် အမေကခေါ်နေပြီမလား။မြန်မြန်ချိုးပြီးသွားရမယ်ကို လာ"
သူဝတ်ထားသည့်ရှပ်အကျီ်ကိုဆွဲချွတ်ချလိုက်ပြီးနောက်ရေပန်းအောက်ကိုဆက်ကိုပါဆွဲခေါ်သွားခြင်းခံရလေသည်။
ဆက် ရေတွေသာရွှဲနေပေမဲ့ခုထိငြိမ်နေမိဆဲ။ ဗဟိုလ်ကတေ့ဆက်နောက်မှနေပြီး ချိုးနေပုံကပုံမှန်လိုပင်။ကိုယ်ကသာ စိတ်ထဲရှက်တာလိုလိုဘာလိုလိုနဲ့ပူထူနေမိတာကြီးက။
"ဗဟိုလ်..!ကိုယ့်ဟာကိုတိုက်"
ရုတ်တစ်ရက် ဆက်ဂုတ်သားပြင်ပေါ်ကျရောက်လာသည့်ရေချိုးဆပ်ပြာရည်နှင့်ဗဟိုလ်လက်များကြောင့် ဆက်နောက်ပြန်လှည့်ပြီးတားဖို့ကြိုးစားလိုက်၏။သို့သော်...
![](https://img.wattpad.com/cover/368000672-288-k25222.jpg)
YOU ARE READING
The Property Of The King
Romanceမထင်ထားတဲ့အရာတွေဖြစ်တတ်တဲ့လောကကြီးမှာ မထင်ထားတဲ့သူဆီကပဲမထင်ထားတဲ့အရာတွေသိလိုက်ရခံလိုက်ရတယ်။