part-1

1.1K 51 0
                                    

ရေနစ်နေသလိုခံစားချက်တွေနဲ့အသက်ရှူရကျပ်လာသည့်အတွက်ရေကူးကန်ထဲကလူငယ်လေးရဲ့မျက်လုံးတွေကတည်ညိမ်စွာပွင့်လာခဲ့ကာသူကသူဘာကြောင့်ရေကူးကန်ထဲရောက်နေရသလဲနားမလည်သော်လည်းယောက်ယက်မခပ်သွားဘဲသူထပ်မံပြီးအသက်ရှူအောင့်နိုင်သည့်အချိန်ကိုတွက်ဆလိုက်ကာရေကန်အပေါ်ကိုအလျှင်အမြန်ကူးတက်သွားလိုက်သည်။

သူကရေကူးချန်ပီယံဖြစ်နေ၍သာတော်ရော့သည်မဟုတ်ပါကသူ့အရပ်ထက်နှစ်ပြန်လောက်မြင့်နေသည့်ရေကူးကန်ထဲအသက်ပေးသွားရရော့မည်

ရေကူးကန်ကလူကူးမလို့လားလူဝံကူးမလို့လားမသဲကွဲးပေ
ထိုမျှအထိမြင့်ထားရလေသလား

ကန်ဘောင်ကိုလက်နဲ့ထိသည်နှင့်ကန်ဘောင်ကိုအားပြုကာလက်တင်လို့မှီတွယ်လိုက်ပြီးအသက်ရှူအောင့်ထားခြင်းကိုလွှတ်ချလိုက်ကာအသက်ကိုဝအောင်ရှူသွင်းလိုက်သည်။

နိမ့်ချည်မြင့်ချည်ဖြစ်နေသောရင်ဘက်ကြွက်သားတွေထက်စီးဆင်းသွားသောရေစက်တွေကအလွန်ပင်ဆွဲဆောင်မှုရှိကာထိုပုံကိုရိုက်ကူးရေးအဖွဲ့သားတွေကအမိအရရိုက်ယူလိုက်လေသည်။

အဖုအထစ်တွေနဲ့လက်မောင်းကြွက်သားတွေကနေရောင်အောက်မှာမြောက်တက်သွားကာလက်ခနဲဖြစ်သွားပြီးခေါင်းမှဆံနွယ်ရှည်တွေကိုသပ်တင်လိုက်သည်မလို့ချောမောကာခန့်ညားသည့်မျက်နှာကထင်းလင်းစွာထွက်ပေါ်လာလေသည်။

"ကျန့်ကောအဆင်ပြေရဲ့လား?!....ခင်ဗျား
ကိုငါပြောသားပဲဒီအခန်းကိုလူစားလဲလိုက်ပါဆိုတာကိုး..."

ရိုက်ကူးရေးအဖွဲ့ရဲ့ဒါရိုက်တာကြီးကျန်းထံမှကဒ်ဟူသည့်အသံထွက်လာသည်နှင့်မျက်မှန်ပုလင်းဖင်လောက်ကိုတက်ထားကာအူလည်လည်မျက်နှာဘေးလေးနဲ့မင်းသားရှောင်းကျန့်ရဲ့မန်‌နေဂျာကလေးကအနားသို့သွားကာစိုးရိန်စွာအပြစ်တင်ပြောလိုက်သည်။

သူ့ကိုရိုက်ကူးရေးအဖွဲ့သားတစ်ယောက်ကပဝါကိုပေးလိုက်သည်ကြောင့်ရိပေါ်သူ့ကိုအူကြောင်ကြောင်ဖြင့်ကြည့်နေသည့်သူ့အလုပ်ရှင်ကိုကမ်းပေးလိုက်ကာ...

"အင့်...သုတ်လိုက်အုံးလေဘာတွေကြောင်နေတာလဲ?"

ဘေးပတ်ပတ်လည်ကအပြောင်းအလဲတွေကြောင့်ရှောင်းကျန့်ခေါင်းတွေပင်ချာချာလည်သလိုခံစားလိုက်ရသည်။

Aboကမ္ဘာထဲကူးပြောင်းပြီးနောက်ဗီလိန်လေးကငါ့ခလေးကိုလွယ်ထားရတယ်တဲ့?Where stories live. Discover now