part-8

557 31 0
                                    

"ရှောင်းဟွမ်လွေ့!...သားကိုဘယ်လိုတွေပြောနေတာလဲသားကကိုယ်တို့ကိုမတွေ့ရတာကြာတော့လွမ်းနေမှာပေါ့"

ဟွမ်လွေ့သူမကိုအော်လာသည့်ကိုကိုကြောင့်မျက်နှာလေးငယ်သွားရကာနှခမ်းကိုတတောင်လောက်ထော်လိုက်ပြီးလည်တိုင်ကိုခေါင်းနဲ့ပွတ်ကာချွဲလိုက်သည်။

"ကိုကိုကလွေ့လွေ့ကိုမချစ်တော့ဘူးမလား...ကိုကိုကလွေ့လွေ့ကိုအော်တယ်လွေ့လွေ့စိတ်မကောင်းဖြစ်သွားပြီး...ဟင့်"

"လွေ့လွေ့!"

"ဟွန့်....စတာပါကိုကိုကလည်းကိုကိုစကားပြောနော်..လွေ့လွေ့မနှောက်ယှက်တော့ဘူး...."

ချက်ချင်းပြောင်စပ်စပ်မျက်နှာဖြစ်သွားသည့်လွေ့လွေ့ကိုရှန်ချန်းမျက်စောင်းသာထိုးလိုက်ကာသားဖြစ်သူကိုပြန်ကြည့်လိုက်တော့သားဖြစ်သူကဘေးကိုကြည့်ကာစကားလှန်းပြောနေသည်ကိုတွေ့လိုက်ရတာမလို့မျက်ခုံးပင့်သွားရသည်။

"ကိုကို...ကိုကို့သားရည်းစားတွေဘာတွေများရနေပြီလားမသိဘူးနော်"

နားနားတိုးကပ်ကာတိုးတိုးလေးပြောလာသောလွေ့လွေ့ကြောင့်ရှန်ချန်းခေါင်းသာညိမ့်ပြလိုက်သည်။

"သားကအသက်၃၃နှစ်ပဲပြည့်တော့မယ်...လက်တွဲဖော်ရှိတာကောင်းတာပေါ့"

"အဟွန်း...ကိုကို့သားကအဖိုးကြီးဖြစ်မှရည်းစားရတယ်တဲ့...ခွီး...ဟား"

"မား...မားပြောတာကျွန်တော်ကြားတယ်နော်...ဟမ့်...မားကျတော့ဘာထူးလဲအသက်လေးကြည့်တော့လက်တောက်လောက်လေးနဲ့ပါးကိုကားတင်ပြေးခဲ့ပြီးတော့"

ခလေးကိုအသီးတွေအရမ်းမစားဖို့မှာနေသောရှောင်းကျန့်မှာသူ့အတင်းတုတ်နေသည့်မားကြောင့်နှာခေါင်းရှုံ့ကာပြောလိုက်သည်။

"အမယ်...ငါလုပ်လို့ထွက်လာတဲ့ကောင်ကများငါ့လာပြန်ပြောနေတယ်....အား....ကိုကို....နာတယ်လို့...နာပါတယ်ဆို"

"ခလေးကိုဘာတွေပေါက်ကရတွေပြောနေတာလဲလွေ့လွေ့!"

ရှောင်းကျန့်ပါးထံမှဗိုက်ခေါက်ဆွဲလိမ်ခံနေရသည့်မားကိုကြည့်ကာလျှာထုတ်ကာပြောင်ပြလိုက်သည်။

Aboကမ္ဘာထဲကူးပြောင်းပြီးနောက်ဗီလိန်လေးကငါ့ခလေးကိုလွယ်ထားရတယ်တဲ့?Where stories live. Discover now