part-2

660 43 0
                                    

ဇာတ်လိုက်နှစ်ယောက်ရဲ့အရှိန်အဝါကြောင့်လူတိုင်းကသူတို့ပြောတာကိုယုံကြည်လက်ခံသွားကြပြီးဝမ်ရိပေါ်ကိုမတန်မရာမှန်းသည့်အတွက်ဝေဖန်အပြင်တင်တော့သည်။

သူမလုပ်သည့်အရာအတွက်အပြစ်တင်ခံကာဝေဖန်ခံတိုက်ခိုက်ခံနေရသည့်ရိပေါ်မှာစိတ်ဓာတ်တွေကျသွားကာစိတ်လွတ်ကိုယ်လွတ်ဖြစ်ပြီးရေချိုးခန်းထဲချော်လဲကြကာခလေးပျက်ကျသွားခဲ့သည်။

သူ့တစ်ယောက်တည်းသာငှားနေခဲ့ရသည့်တိုက်ခန်းလေးမှာသူ့ဘာသာသူသာအားယူလို့ဆေးရုံကိုဖုန်းဆက်ခဲ့ရလေသည်။

ဆေးရုံကားရောက်လာချိန်မှာသူ့ကိုကယ်တင်နိုင်ခဲ့ပင်မယ့်ခလေးကိုတော့မကယ်တင်နိုင်ခဲ့ချေ
ရိပေါ်ကပိုမိုစိတ်ပျက်ကာအားငယ်သွားခဲ့လေသည်။
အိုမီဂါတစ်ယောက်ကစိတ်အားငယ်နေသည့်အချိန်မှာသူ့အယ်ဖာရဲ့ဖီရိုမွန်ရနံ့တွေကိုလိုလားတောင်းတခဲ့သော်လည်းသူ့နဲ့တစ်ညတာဖြတ်သန်းခဲ့သည့်အယ်ဖာကြီးကတော့သူနဲ့အဆုံးထိအတူမရှိနေခဲ့ပေ

သူကဝေဒနာတွေကိုတောင့်မခံနိုင်သည့်အဆုံးဆေးရုံရဲ့အပေါ်ဆုံးထပ်မှနေခုန်ချကာသက်သေသွားလေသည်။
ဇာတ်လိုက်နှစ်ယောက်ကတော့ထိုအရာကိုအနည်းငယ်လေးပင်ဂရုမစိုက်ကြဘဲသူတို့Fanတွေကိုသူတို့နှစ်ယောက်တွဲနေသည့်အကြောင်းတရားဝင်ချပြခဲ့ကာလက်ထပ်သွားပြီးပျော်ပျော်ရွှင်ရွှင်နေထိုင်သွားလေသတဲ့

သူ့ညီမပြောခဲ့သည်ကဖုံးကွယ်ထားသည့်ဇာတ်ကွက်ထဲမှာတော့ဝမ်ရိပေါ်ကထိုသတင်းတွေကိုဖြစ်ပေါ်စေခဲ့သည့်သူမဟုတ်ဘဲတကယ့်တရားခံကဇာတ်လိုက်မရုံချင်းဖြစ်နေခဲ့သည်တဲ့

ဇာတ်လိုက်မရုံချင်းကဝမ်ရိပေါ်ကိုရှောင်းကျန့်ပိုမုန်းသွားဖို့အတွက်ထိုသို့ပြုလုပ်ခဲ့ကာဝမ်ရိပေါ်လုပ်သည်ဟုပုံချခဲ့ခြင်းဖြစ်သည်။

သူ့ညီမကိုဘာလို့အဲ့လိုတွေရေးခဲ့တာလဲဟုမေးသည့်အချိန်မှာထူးဆန်းစွာသူမလည်းမသိကြောင်းသူမစိတ်ထဲထိုဝတ္ထုနဲ့ဇာတ်ကောင်တွေနဲ့အကြောင်းအရာတွေကအလိုလိုပေါ်လာခဲ့ပြီးသူမရေးချင်စိတ်ပေါ်လာ၍ရေးခဲ့ခြင်းဖြစ်သည်ဆိုပြီးသူ့ကိုပြန်ဖြေခဲ့တာကိုမှတ်မိသေးသည်။

Aboကမ္ဘာထဲကူးပြောင်းပြီးနောက်ဗီလိန်လေးကငါ့ခလေးကိုလွယ်ထားရတယ်တဲ့?Where stories live. Discover now