part-5

589 35 0
                                    

"သူ့ရဲ့ဝိဉာဥ်ကပြန်လည်ပေါင်းစည်းသွားပြီး...သူ့ကိုငါပညာရပ်တွေနဲ့ဘယ်လောက်လုပ်လုပ်သူ့အပေါ်သက်ရောက်မှာမဟုတ်တော့ဘူး"

"တောက်....ဒီမှာကျန်တဲ့ငွေတွေနောက်ကျွန်မကိုထပ်မဆက်သွယ်နဲ့တော့"

ရုံချင်းဒေါသတကြီးပြောလိုက်ကာထိုပုံပျက်ပန်းပျက်အိမ်ကြီးထဲကနေဒေါသတကြီးထွက်လာခဲ့လိုက်ပြီးအမှောင်ထုထဲကားကိုဒုန်းဆိုင်းမောင်းသွားလေသည်။

ထွက်သွားသည့်မိန်းခလေးကိုကြည့်ကာအဖွားအိုရဲ့မျက်နှာကပျက်ယွင်းသွားရပြီးခေါင်းသာခါလိုက်လေသည်။

"မင်းမလုပ်သင့်တာတွေမလုပ်ဖို့ဘဲငါမျှော်လင့်တယ်မိန်းခလေး....မင်းမရနိုင်တဲ့အရာကိုလက်လျော့တက်ဖို့သင်ယူနိုင်ပါစေကွယ်"

သူမစကားတွေကိုတီးတိုးရေရွတ်ပြီးနောက်အိမ်ပျက်ကြီးထဲပြန်ဝင်သွားလေသည်။

..........

ရိပေါ်နိုးလာတော့တစ်ကိုယ်လုံးကိုက်ခဲနာကျင်နေသော်လည်းသူ့ကိုသိုင်းဖက်ထားသည့်သန်မာသည့်လက်ပိုင်ရှင်ရဲ့ထင်းရှုးရနံ့အယ်ဖာဖီရိုမွန်တွေကြောင့်သူ့ခန္တာကိုယ်ကနွေးထွေးနေကာနေရထိုင်ရသက်သာနေခဲ့ကာခေါင်းကလည်းကြည်လင်နေလေသည်။

ခပ်ပွပွအင်္ကျီကြီးနဲ့ဘောင်းဘီကျယ်ကျယ်ကြီးကြောင့်သူ့အသားကိုအင်္ကျီအသားတွေကအေးအေးလေးနဲ့ပိုပြီးနေရထိုင်ရသက်သာစေသည်။

ရိပေါ်အသာဖွကာထလိုက်ကာအကို့ရဲ့လက်တွေကိုဖယ်ချလိုက်ပြီးမျက်မှန်ကိုကောက်ယူကာတပ်လိုက်ပြီးအခန်းထဲကထွက်လာခဲ့လိုက်သည်။

ဖော်ပြလို့မရနိုင်သည့်နေရာကနာကျင်နေသည့်အတွက်သူ့လမ်းလျှောက်ပုံကထူးဆန်းနေကာကွတကွတဖြင့်ပင်ကွင်းပေါက်နဲ့ပင်တူနေလေသည်။

တခြားအခန်းကရေချိုးခန်းထဲဝင်သွားလိုက်ကာရေချိုးလိုက်ပြီးအဝတ်အစားလဲလိုက်သည်။
သူ့ဂလင်ထဲရောနှောနေသည့်အယ်ဖာရဲ့ဖီရိုမွန်တွေရဲ့နှစ်သိမ့်မှုကြောင့်နာကျင်မှုတွေကတဖြည်းဖြည်းလျော့ပါးလာလေသည်။

ဂလင်းထက်ကကိုက်ရာနဲ့အကို့ရဲ့စကားတွေကိုပြန်လည်ကြားယောင်မိကာရိပေါ်ပြုံးလိုက်မိသည်။

Aboကမ္ဘာထဲကူးပြောင်းပြီးနောက်ဗီလိန်လေးကငါ့ခလေးကိုလွယ်ထားရတယ်တဲ့?Where stories live. Discover now