1

597 79 5
                                    

လူတွေဟာ ဘ၀ကို အဓိပ္ပာယ်ရှိရှိဖြတ်သန်းဖို့လိုအပ်တယ်လို့ပြောကြတယ်။ပျော်ရွင်မှုထက် ၀မ်းနည်းစရာတွေကိုပဲ ဖမ်းဆုပ်မိရင်တောင် မပြိုလဲပဲရှင်သန်သွားစေနိုင်တာ နွေးထွေးမှုလို့ခေါ်တဲ့ ချစ်ခြင်းမေတ္တာတွေကြောင့်လို့ပြောကြတယ်။ဖြစ်နိုင်တာက အဲ့လိုပြောကြတဲ့လူတွေဟာ သူတို့ရဲ့ဘ၀မှာ တစ်ကြိမ်လောက်ဖြစ်ဖြစ် အဓိပ္ပာယ်ရှိပြီးလှပတဲ့ချစ်ခြင်းတွေကိုပိုင်ဆိုင်ခဲ့လို့ပဲဖြစ်လိမ့်မယ်။
ဒါပေမဲ့ ဘ၀တစ်လျှောက်လုံးကြိုးစားရှင်သန်လာခဲ့ပေမဲ့ ပျော်ရွင်စရာတွေကိုချစ်ခြင်းမေတ္တာတွေကိုရော မပိုင်ဆိုင်နိုင်ခဲ့တာ ဂျီဆူးတစ်ယောက်တည်းဖြစ်ခဲ့သလား။
အသက်၅နှစ်အရွယ်ကစတင်ပြီး မပြေလည်တဲ့အိမ်ရဲ့အခြေအနေတွေကိုနားလည်လက်ခံပြီး ကြိုးစားရုန်းကန်လာခဲ့ပေမဲ့ အဲ့ဒီပင်ပန်းခဲ့ရခြင်းတွေရဲ့အကျိုးဆက်တွေကိုအခုချိန်အထိ မခံစားရသေးပါ။မနေ့ကပင်ပန်းခဲ့ရင် ဒီနေ့ပိုပင်ပန်းလာတယ်။အဲ့ဒီလိုပဲ ဂျီဆူးရဲ့မနက်ဖြန်တွေဟာ ပိုပြီးပင်ပန်းသွားဖို့ပဲရှိလိမ့်မယ်။
အိမ်ထောင်ရှိတဲ့ အသက်၃၅နှစ်အရွယ်မိန်းမတစ်ယောက်ဟာ ပုံမှန်ဆို ဘယ်လိုစိတ်မျိုးနဲ့ရှင်သန်သလဲမသိပေမဲ့ ဂျီဆူးကတော့ ငြီးငွေ့ပင်ပန်းခြင်းတွေနဲ့ပဲရှင်သန်နေခဲ့သည်။
KANGWOO လုပ်ငန်းစု တတိယမြေးရဲ့ချွေးမအဖြစ်ရှင်သန်ရတဲ့ဘ၀ဟာ သာမန်မိန်းမတွေအတွက် အားကျစရာဘ၀တစ်ခုဖြစ်နိုင်ပေမဲ့ ဂျီဆူးအတွက်တော့ ဒီနေရာဟာ အလုံပိတ်ထားတဲ့ဖန်လှောင်အိမ်ထဲကဘ၀တစ်ခုလိုမျိုးဖြစ်နေခဲ့သည်။အသက်ရှူကြပ်ပြီးထွက်ပြေးချင်စရာကောင်းနေပေမဲ့ သူများတွေရဲ့အမြင်မှာ လှပပြီး ချစ်စရာကောင်းတယ်လို့အထင်ခံရခြင်းမျိုးလေ။
အထက်တန်းကနေ တက္ကသို်လ်အထိKANGWOOလုပ်ငန်းစုရဲ့ ပညာသင်ဆုရကျောင်းသူအဖြစ် သူများတွေစံထားခဲ့ကြရပေမဲ့ ဂျီဆူးကအတွက်တော့ လိုချင်တဲ့ပစ္စည်းတစ်ခုကို အချိန်ပေးပြီးအရစ်ကျ ငွေချေတဲ့သဘော ဒါမှမဟုတ် Designerဆီမှာ အပ်ထားတဲ့ အ၀တ်အစားကိုစိတ်တိုင်းကျတဲ့အထိပြင်ဆင်ပြီး ငွေပေးချေခြင်းလို့ပဲ မြင်တယ်။
လောင်းကစားရံှုးလို့ အိမ်နဲ့ပိုင်ဆိုင်မှုတွေကိုညတွင်းချင်းဆုံးရှုံးလိုက်ရတဲ့ အခြေအနေမဲ့တဲ့ မိသားစုတစ်ခုကနေပေါက်ဖွားလာခဲ့ခြင်းဟာ ဂျီဆူးကိုအခုလိုအရစ်ကျ၀ယ်ယူနိုင်ဖို့အတွက်အထောက်အပံ့ဖြစ်ခဲ့သလားမသေချာ။ ဒါမှမဟုတ်ရင်လည်းဂျီဆူးဟာ တစ်ဦးတည်းသော ​ဆက်ခံသူမြေးအတွက် အဖိုးဖြစ်သူလက်ဆောင်ပေးတဲ့ တန်ဖိုးရှိတဲ့အရုပ်တစ်ခု(အင်း .. ဒီတိုင်းအပေါစားအရုပ်လည်းဖြစ်ချင်ဖြစ်နိုင်ပါရဲ့)ဖြစ်ခဲ့ပုံရသည်။
KANGWOOလုပ်ငန်းသည် ကိုရီးယားရဲ့ထိပ်တန်းစာရင်း၀င်လုပ်ငန်းတစ်ခုဖြစ်တဲ့အတိုင်း ပိုင်ဆိုင်မှုတွေများသလို အရှိန်အ၀ါနဲ့နာမည်ကျော်မှုလည်းများသည်။အဲ့ဒီလိုပဲ မြေး၃ယောက်ထဲကမှ တစ်ဦးတည်းဆက်ခံသူဖြစ်ခဲ့တဲ့ ဂန်ယောဝူး ဟာလည်း ဂျီဆူးလိုအခြေအနေကွာခြားတဲ့ မိန်းမတစ်ယောက်နဲ့လက်ထပ်လိုက်ခြင်းဟာ တစ်လောကလံူးကိုစိတ်ခေါ်လိုက်ခြင်းဖြစ်တယ်လို့ ဂန်ယောဝူးကပြောခဲ့သည်။တကယ်ဆို ဒါဟာ ဂျီဆူးတောင်းဆိုမှုမဟုတ်ခဲ့ပေမဲ့ ဂန်ယောဝူးကတော့ အမြဲဂုဏ်ယူစွာနဲ့ပြောတတ်ပါသည်။သူက ဂျီဆူးကိုအဲ့လောက်ထိချစ်ပါတယ်ဆိုတဲ့ အဓိပ္ပာယ်
်မျိုးနဲ့လေ။မလိုချင်တဲ့ချစ်ခြင်းတွေဖြစ်နေခဲ့လို့ ဂျီဆူးအတွက် ဂန်ယောဝူး ဘယ်လောက်ပဲစွန့်လွတ်ခဲ့ရတာတွေများတယ်လို့ပြောကြပါစေ ဂျီဆူးအတွက်တော့ အဲ့ဒီပေးဆပ်မှုတွေဟာ မြူတစ်မှုန်စာလောက်မျှ ၀န်မလေးစေခဲ့ပါ။

A love we couldn't protect Where stories live. Discover now