part-42(zawgyi)

57 1 0
                                    

"ဟာ...မ! ဘယ်လိုကနေဘယ်လို ရောက်နေကြတာလဲ ကျွန်တော့်ကိုလည်း အကြောင်းမကြားဘူး..။ဒီနေ့တော့ လူစုံတက်စုံဖြစ်သွားတာပေါ့"

ထမင်းစားခန်းထဲရောက်နေသည့် မချစ်မှူးက လိုင်းကို အပြုံးလေးနှင့်ဆီးကြို၏။ရုံးပိတ်ရက်လည်းဖြစ်တာမို့ ဦးနောင်တို့ထံအလည်လာခြင်းဖြစ်သည်။ဦးနောင်တို့ကလည်း နောင်လေးနေမကောင်းဖြစ်နေသောကြောင့် ဆိုင်ပိတ်ထားသဖြင့် အိမ်ကိုသာလိုက်လာခဲ့ခြင်းပင်။လိုင်းအိမ်ကို ပြန်ရောက်ကတည်းက မချစ်မှူးနဲ့မတွေ့ရသေးပေ။မတွေ့ရသေးဘူးဆိုတာထက် အလုပ်မအားတာလည်းမဟုတ်ပါဘဲ တစ်စုံတစ်ယောက်၏ တားမြစ်မှုကြောင့် မသွားရခြင်းဆိုလျှင် ပိုမှန်လိမ့်မည်။

အခုလည်း လိုင်းအနောကျမှာ ရှိနေပေမယ့် မောငျ့မကျြနှာ ပျက်နေပြီဆိုတာ လိုင်းသိသည်။လှည့်ကြည့်လိုက်တော့ ထင်သည့်အတိုင်းပါပင် ၊ မောင့်မျက်နှာဟာတုန်မှုန်လို့။နဂိုကတည်းက ရုပ်တည်တဲ့မောင့်ကို ဘေးလူတွေက မျက်နှာပျက်နေမှန်းမရိပ်မိပေမယ့် မောင့်မျက်နှာကို အရိပ်တကြည့်ကြည့်နေတဲ့ လိုင်းကတော့ သေချာသိနေပါသည်။

"လိုင်းလေး...လာပါဦးဖက်ချင်လို့ အိမ်ပြန်ရောက်တာတောင် မ,ဆီကိုမလာဘူးနော်"

"ကျွန်တော်ပျင်းနေလို့ပါ...လာပါဦးကျွန်တော့်ရဲ့မမ "

မချစ်မှူးဖက်လို့ရအောင် ရင်ခွင်ဖွင့်ကြိုဆိုလိုက်မိသည်။မချစ်မှူးက လိုင်းရှေ့ရောက်လာပြီး ဖက်မည်အပြု လိုင်းရဲ့ဗိုက်ပေါ်ကျရောက်လာသော တစ်စုံတစ်ယောက်၏ သန်မာသည့်လက်တစ်စုံဟာ တင်းကြပ်လို့။ အခုလိုင်းပုံစံက ခြေကားယားလက်ကားယားဖြစ်နေပြီး မချစ်မှူးရဲ့ လက်နှစ်ဖက်ဟာလည်း လေပေါ်မှာဆန့်တန်းလို့။

"မောင်..ဘာလုပ်တာလဲ "

"ပိုင်ရှင်ရှိမှန်းမသိတဲ့လူတွေကို ပိုင်ရှင်ရှိကြောင်းပြတာလေ ဘာဖြစ်လဲမရဘူးလား...
လင်တစ်ယောက်လုံး ငုတ်တုတ်ရပ်နေတာကို အနေအထိုင်လေးတော့ ဆင်ခြင်ဦးမှပေါ့"

"ခွီး!!"

ဘေလ်စင်၌ ပန်းကန်ဆေးနေသော အစ်ကိုနွန်ထံမှ ရယ်သံကို ကြားလိုက်ရသည်။ထမင်းစားပွဲနားလက်ပိုက်ကာ ရပ်နေသည့် အစ်ကိုဟာလည်းပြုံးစိစိ။အစ်ကိုကတောင် ဘာမှမပြောတာကို မောင်က လိုင်းနဲ့မချစ်မှူးတို့ရဲ့ခင်မင်မှုကို မသိတာလည်း မဟုတ်ပါဘဲနဲ့ အခုလိုကြီးကျတော့ မချစ်မှူးကိုအားနာဖို့ကောင်းသည်။

Love me vampireWhere stories live. Discover now