အခန်း ( ၁ ) 💚

869 134 16
                                    

စကားသံတွေ ခေါ်သံတွေ.....ခေါ်သံတွေ ကြားနေရတယ်။ဟုတ်တယ် နီးနီးလေး က ကြားနေရတာ။အနောက်နားလေးမှာတင်။ဟင် ..... မဟုတ်သေးဘူး အသံတွေက အဝေးကြီး ကို ရောက်သွားပြန်ပြီ။သေချာတာ တော့ ခပ်ဆူးဆူး အသံတွေဟာ အနား ပတ်ဝန်းကျင်မှာ ပတ်ပတ်လည် ဝန်းရံနေလျက်ပင်။

" ဘုံ သုံးဆယ့်တစ် ရဲ့ အပ မှာ ဖြစ်လို့တည်ရမယ် ဆိုရင်တောင် စွမ်းနိုင်တာ ထက် ပို၍ မဏိစိုင် ကို အကျွန်ုပ် မဏိစိုင် ကို စောင့်ရှောက်မှာပါ "

" ပြန်လာခဲ့မယ်မလား သခင်မလေး။ကျွန်တော်မျိုးမ ထံ ကို ပြန်လာခဲ့မယ်မလား ဟင် ။ ကျွန်တော်မျိုးမ  ကတိပေးတယ်ပ သခင်မလေး ကို ကျွန်တော်မျိုးမ စောင့်နေလတ်မှာ "

အား....  ဘယ်သူတွေလဲ ဘာတွေလဲ ခေါင်းတွေကိုက်လိုက်တာ နားတွေအူလိုက်တာ။ဘယ်သူက ဘယ်သူ့ကို စောင့်ရှောက်မှာလဲ။ဘယ်သူက ဘယ်သူ့ကို စောင့်နေမှာလဲ.......။

~~~~~~~~

" ဘာ !!! မင်း ဘာပြောလိုက်တယ် "

" မင်း တို့ လမ်းထိပ် က တိုက်အစိမ်းလေး မှာ နေတဲ့ ဆံပင်ရှည်ရှည် နဲ့ ကောင်မလေး ကို ငါ သဘောကျလို့ဆို "

" ဟာ ..... မင်းကွာ ။ အဲ့ ဂြိုဟ်မလေးတော့ မလုပ်ပါနဲ့ဟာ။အဲ့ ကောင်မလေး က လွဲလို့ကွာ ငါတို့ ရပ်ကွက်ထဲက ကျန်တဲ့ ဘယ် မိန်းကလေး ဖြစ်ဖြစ်ရတယ်ကွာ မင်း ကြိုက်တဲ့ သူကိုပြော ငါ ရအောင် ကူညီပေးမယ် သူ့ကတော့ မဖြစ်ဘူးကွ "

သူငယ်ချင်း ဖြစ်သူ ရဲ့ စကားကြောင့် သူရ အလိုမကျစွာ မျက်ခုံးတွန့်ချိုး လိုက်တော့သည်။

ဘယ်လိုတုန်း ဒီလောက်လှတဲ့ မိန်းကလေးကိုများ ဂြိုဟ်မလေး တဲ့။မျက်လုံးကန်းနေတဲ့ ကောင်။

သူရ စိတ်ထဲကနေ မကျေမနပ်ရေရွတ်လိုက်မိသည်။

သူရ ဟာ ရန်ကုန်သား တစ်ယောက်။တိတိကျကျ ပြောရရင် ရေကြောင်းသိပ္ပံ က နောက်ဆုံးနှစ် ကျောင်းသား တစ်ယောက်။ရေကြောင်းသိပ္ပံ ရဲ့ ရေကူးချန်ပီယံ ဖြစ်တဲ့ အပြင် တက္ကသိုလ်​ပေါင်းစုံအားကစားပြိုင်ပွဲ ရဲ့ ရေကူးပြိုင်ပွဲမှ ရွှေတံဆိပ်ဆုရှင်
ဖြစ်သည်။ရေကြောင်းသိပ္ပံ ရဲ့ The Whole King ကြီး မောင်သူရ ဟာ ရွှေတောင် ဆိုတဲ့  နယ်မြို့လေးက မိန်းကလေး တစ်ယောက်ကို သဘောကျမိနေသတဲ့။

" ဟရိတ မဏိ ရက္ခိဏီ " ( မြစိမ်းရောင် အစောင့်အရှောက် ) Where stories live. Discover now