ဆရာမက အရမ်းတည်ကြည်ပြီး ကျန်းဝေဟု အမည်ရသည့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးပင်။ သူမက မလှပေမယ့် စတိုင်ကျကျဝတ်တတ်သည်။
သူမ မပြုံးသည့်အချိန်တွင် အရမ်းဟန်ရှိသောကြောင့် ထရိန်နီတွေက သူမကို သွားမစရဲ။
သူမဝင်လာသည်နှင့် အကုန်လုံးက သူတို့ခုံတွင် ရိုသေလိုက်နာစွာ ထိုင်နေကြသည်။
ဒါပေါ့ အကုန်လုံးရဲ့ အတွေးတွေကတော့ ရှချင်းဟန်နှင့် ရှရှီပေအပေါ်တွင် ရှိနေတုန်းပင်။
ရှချင်းဟန်ကို ပိုင်မေရွှယ် ခေါ်လာသည်ကြောင့် အကုန်လုံးက သူမမှာ အဆက်အသွယ်ရှိသည်ကို သိသည်။
ပိုင်မေရွှယ်က အတွေ့အကြုံရှိပြီး လူသိများသည့် နယ်ပယ်၏ အကြီးအကဲပင် ဖြစ်တာကြောင့် လူတိုင်းက ရှချင်းဟန်ကို ကောင်းကောင်းဆက်ဆံကြသသည်။
အထူးသဖြင့် ယောက်ျားလေးတွေပင်။ သူတို့က သူမ၏ ပုံစံကို သဘောကျကြသည်။ မကြမ်းကြုတ်ဘဲ အရမ်းသိမ်မွေ့နူးညံ့သည်။ တစ်ဖက်တွင် မိန်းကလေးတွေက သူမကို မကြိုက်လျှင်တောင် ထုတ်ပြောမယ်မဟုတ်။
ရှရှီပေလာသည်နှင့် ရှချင်းဟန် ထိန်းသိမ်းခဲ့ရသည့် နတ်ဘုရားမပုံရိပ်က စတင်ပင် အက်ကြောင်းပေါ်လာမည်ဟု ဘယ်သူမှ မထင်။
တခြားသူကို သူခိုးစွဲတာက သက်သက်။ သို့ပေမယ့် အမှန်တရားထွက်လာပြီးတော့ မတောင်းပန်သင့်ဘူးလား?
ပြီးတော့ တစ်ခါ သူမက ဖျားတယ်? တိုက်ဆိုင်လိုက်တာ!
အနုပညာလမ်းေကြာင်းကိုလိုက်ေနသည့် မိန်းမငယ် ကောင်လေးငယ်တွေကိုမဆိုထားနှင့် ချင်းရဲ့အထက်တန်းကျောင်းက ကျောင်းသားတွေတောင် ဤကိစ္စကို သံသယဝင်သေးသည်။
အကုန်လုံးက သူမကို သံသယဝင်နေသည်ကိုမြင်တော့ ရှချင်းဟန်ဟ မျက်နှာက မထုံတတ်တေးဖြစ်နေပေမယ့် သူမ လက်သည်းတို့က တင်းကြပ်စွာ ဆုပ်ကိုင်ထားမှုတို့ကြောင့် ကျိုးပဲ့တော့မည့်အခြေအနေပင်။
ရှရှီပေ!
ကျန်းဝေ ပီယာနိုအရှေ့တွက် ရပ်လိုက်ပြီး သူမအရှေ့ပ လူငယ်လေးတွေကို လေးနက်သော အကြည့်တို့ဖြင့်ကြည့်လိုက်သည်။