အပိုင်း ၂၄၀

198 36 0
                                    

"သမီးက ဘော့စ်အသစ်ကိုသိလို့လား?"

ရှချင်းဟန် စိတ်လှုပ်ရှားနေသည်ကိုတွေ့တော့ ပိုင်မေရွှယ်စိတ်ထဲ တစ်ခုပေါ်လာသည်။ "အို့ဟုတ်သား! ဘော့စ်အသစ်ရဲ့ ‌မျိုးရိုးက ချောင် သမီး သတို့သားလောင်းနဲ့ တူတူပဲ..."

ပိုင်မေရွှယ် ဖြစ်နိုင်စွမ်းကို တွေးပြီး အံ့ဩတုန်လှုပ်သွားသည်။

"ဟုတ်တယ်!" ရှချင်းဟန် ပျော်ရွှင်မှုတွေဖြင့် ပြည့်နှက်‌ေနကာ တောက်ပစွာပြုံးလိုက်သည်။ "သူက ချောင်မိသားစုရဲ့ တတိယသား သမီးသူ့ကို အန်ကယ်လေးလို့ ခေါ်ရတယ်"

"သူပဲ!" ပိုင်မေရွှယ် မအော်မိအောင် ပါးစပ်အုပ်ထားရသည်။ "သူက ဘာလို့ ရုတ်တရက် အန်တီတို့ ကုမ္ပဏီကို ဝယ်ချင်ရတာလဲ?"

တစ်ချို့လုပ်ရိုးလုပ်စဉ်တွေကို လုပ်လို့မပြီးသေးပေမယ့် ကုမ္ပဏီဘော့စ်ကတော့ ပြောင်းသွားသည်။

သို့ပေမယ့် ဘာလို့ ချောင်ရန်ကျွယ်က သူတို့ကုမ္ပဏီကို ဝယ်ရတာလဲ? ချောင်မိသားစုရဲ့ အဓိကစီးပွားရေးက အနုပညာလောကမှမဟုတ်တာ!

"သမီးလည်းမသိဘူး" ‌ရှချင်းဟန် ခေါင်းရမ်းလိုက်သည်။ "ဒါပေမယ့် ဘာပဲ ဖြစ်ဖြစ် ဒါက သမီးတို့အတွက်ကောင်းတယ်!"

ပိုင်မေရွှယ်မျက်လုံး တောက်ပသွားသည်။ "ဟုတ်တယ်! ကောင်းတယ်!"

ဘာအကြောင်းပြချက်ပဲ ဖြစ်ဖြစ် အက်စ်ဝိုင်ဖျော်ဖြေရေးက အခု ချောင်မိသားစုပိုင်ဆိုင်မှု ဖြစ်သွားပြီဖြစ်သည်။

ရှချင်းဟန်က အနာဂတ်မှာ ချောင်မိသားစု ချွေးမပင်။ ပြီးတော့ သူတို့က မိသားစုတစ်ခုတည်းဖြစ်သွားပြီကြောင့် ချောင်ရန်ကျွယ်က သေချာပေါက် သူမကို ဂရုစိုက်လိမ့်မည်။

ထိုအရာကိုတွေးပြီး တစ်ယောက်နှင့်တစ်ယောက် ပျော်ရွှင်စွာကြည့်လိုက်ကြသည်။

ရှချင်းဟန် အရမ်းပျော်ပြီး ကတော့မလိုပင်။ "အခုလေးတင် သူတို့ သမီးတို့ကို မစ်တီးနဲ့ ကိတ်ဝယ်လာပေးသေးတယ်"

ပိုင်မေရွှယ် ခဏလောက် တောင့်ခဲသွားသည်။ ဒါက ကုမ္ပဏီလုပ်မည့်အရာမျိုးလား?

ရက်စက်သော နတ်ဘုရားမ IIWhere stories live. Discover now