အဆင်ပြေအောင်နေနော်တဲ့
မင်းမရှိမှ တော့
ဘယ်လို ပျော်စရာ မှ
မရီမောနိုင်သလို
ဘယ်လို နာကျင်မှုကမှလဲ
တိုးမပေါက်တော့ဘူး ဂျွန်ကော်ဖီတွေသောက်တယ်
ညဘက်အိပ်လားဆို
အိပ်ပျော်ပါတယ်လို့ညာမယ်
တကယ်လားလို့မေးရင်
ဟက်ဟက်ပက်ပက်
ပုခုံးတွန့်ရီမယ်
ဒါမဲ့ ငါ့မျက်လုံးတွေကိုကြည့်ရင်
မင်းသိပါတယ်ရှုပ်ပွနေတဲ့အခန်းထဲမှာ
နံရံပေါ်က သွေးစက်တွေ
ပြန့်ကျဲနေတဲ့
ဖန်ကွဲစတွေ
ကော်ဖီပန်းကန်အလွတ်တွေနဲ့အတူ
ငါ မင်းကို စောင့်နေတယ်
ဂျွန်
ဆက်ဆက်လာခဲ့ပေးပါ
YOU ARE READING
မောင့်ကိုရည်စူးတဲ့ ကဗျာအပိုင်းအစတွေ
Romanceချစ်ရပါသော မောင့်အတွက် ခပ်ဆိုးဆိုး မိန်းမရဲ့ ရင်ဖွင့်စာတွေပါပေါ့ လွမ်းတိုင်းရေးမယ် ရေးရင်းလဲ ပိုလွမ်းလာတယ်