Kelvinကပြောတယ် သူ့ကိုအရမ်းမချစ်ပါနဲ့ တဲ့

186 39 2
                                    



"Brian..."

"ပြောပါ"

"ကျွန်တော့်လက်သည်းတွေ ရှည်​နေပြီ! ညှပ်ပေးဖို့ ကူညီပေးနိုင်မလား"

"ရတာပေါ့.."

Noahက ကုတင်ခြေရင်းတွင် ငြိမ်ငြိမ်ကလေးထိုင်ချဖို့ အတွက် စမ်းယူပြီး နောက်၊ Brianက တော့ နေရာတစ်ကျထား ထားတဲ့ လက်သည်းညှပ်ကို သွားယူလာပြီး Noahဘေးတွင် အတူတူဝင်ထိုင်၏။

ထို့နောက် လက်သည်းညှပ်သံ 'ကလစ်' ဆိုတဲ့ အသံက ဆက်တိုက်ထွက်လာသည်။ Noahရဲ့ ညှပ်ပြီးသွားတဲ့လက်သည်းထိပ်တွေကို Brianက တံစဉ်းနဲ့ သေချာပုံသွင်းတိုက်ပေးပြီးတဲ့နောက် ကြမ်းပြင်သို့ ဆင်းကာ  ဒူးတစ်ဖက်ကိုထောက်ချလိုက်သည်။

Noahက Brianရဲ့ပုခုံးကို တစ်စမ်းစမ်းဖြင့်

"ဘာလုပ်တာလဲ"

"ခြေသည်းပါညှပ်ပေးမလို့"

Noahက ဘာမှအထွဋ်မတက်တော့ပဲ ငြိမ်ခံနေလိုက်တယ်။

"ကျေးဇူးပဲ Brian"

"မဟုတ်တာကို လာကျေးဇူးတင်နေတာပဲ ဒီကောင်လေး"

Brianက ရယ်သံရောယှက်နေတဲ့ အသံဖြင့် ပြောလိုက်သည်။

"အခန်းထဲမှာ ပန်းအနံ့မရတာကြာပြီနော် ..Brianမအားလို့ ဝယ်ဖို့မေ့နေတာလားဟင်"

"ဟုတ်သားပဲ..ကိုယ် ပန်းဆိုင်ကိုရောက်ဖို့တောင် မေ့နေတာ ကြည့်စမ်း"

"ရပါတယ်..ကျွန်တော်က အခန်းထဲမှာ ပန်းအနံ့မရတော့လို့ မေးကြည့်တာပါ"

"နောက်နေ့ ကိုယ်မင်းဆီလာရင် ဝယ်လာခဲ့မယ်"

"အင်း.."

Noahက အီလေးဆွဲကာ ပြောပြီး ကုတင်ပေါ်သို့ လူးလိမ့်ကာ လေးဘက်ထောက်လျက် တွားသွားကာ ပြန်အိပ်ဖို့ ပြင်နေတာကြောင့် Brianက Noahကို ခြေထောက်မှ ပြန်ဆွဲကာ တား၏။

"ညနေ shooting ရှိသေးတယ်လေ"

"ခဏပဲအိပ်မှာပါ..ပြီးတော့ ဆူဖို့ ဖွားဖွားလဲ မရှိဘူး"

Noahရဲ့ဖွားဖွားက အလုပ်ကိစ္စနဲ့ ခရီးသွားသည့်အတွက် အိမ်မှာမရှိချေ။ ဒါကြောင့်မို့ Noahက သူနေချင်သလို နေတော့မှာဟု Brianကတွေးလိုက်သည်။ သို့ပေမဲ့ Brianထင်တာ မှားသွားတယ်..သိပ်မှားသွားတယ်။

A Cock And Bull Story Where stories live. Discover now